Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဇန်နဝါရီ ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေ အားလုံးမှာ တစ်ရက်ကို ၄ နာရီအောက်သာ လျှပ်စစ်မီးပေး နိုင်တော့ တဲ့အတွက် ရေနဲ့လျှပ်စစ်မီးတွေကို ချွေတာကြဖို့ စစ်ကောင်စီက ပေါ်တင်ကြီးကို သူတို့ရဲ့ ဝါဒဖြန့်သတင်းစာတွေမှာပါ စတင် နှိုးဆော်လာပြန်ပါတယ်။
စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး ပူးပေါင်း တပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခြေမှုန်းရာမှာ မင်းကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်းလုံး ပြုတ်ထွက်သွားပြီး အကုန်လုံးသေကုန်ကြသလို ၊ အုန်းနဲဘုတ်ကျေးရွာ မှာလည်း စစ်ကောင်စီတပ်သား အယောက် ၂၀ ကျော် သေကုန်ကြတဲ့အပြင် လက်နက်တွေနဲ့အတူ စစ်သား ၃ ဦးကိုပါ အရှင်ဖမ်းဆီးရမိထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-တနင်္သာရီမြိုနယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်အတွက် ဆန်အိတ်ပေါင်း ၂၈၀၀ ကျော်နဲ့ ရိက္ခာတွေတင်လာတဲ့ ကုန်တင်သဘော်ကို KNLA တပ်ဖွဲ့တွေက ဖမ်းဆီးရရှိထားပြီး ၊ ဆန်အိတ်တွေရော ရိက္ခာအကုန်လုံး သိမ်းဆည်း လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။