20 C
Yangon

ပခုက္ကူမှ မြိုင်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်သည့် စစ်ယာဉ်တန်းကို မိုင်းဆွဲပြီး ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံး

Must read

ပခုက္ကူမှ မြိုင်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်သည့် စစ်ယာဉ်တန်းကို မိုင်းဆွဲပြီး ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၉

မကွေးတိုင်း၊ ပခုက္ကူမြို့မှ မြိုင်မြို့သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်သည့် စစ်ယာဉ်တန်းကို မိုင်းဆွဲပြီး ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း COBRA ONE Pakokku တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့တွင် ပခုက္ကူမြို့မှ မြိုင်မြို့သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်သည့် စစ်ယာဉ်တန်းသည် အင်ပင်ကျေးရွာမှ ထွက်ခွာလာပြီးနောက် ဇန်နဝါရီလ ၆ ရက်နေ့တွင် ကိုင်းဆယ်ရွာထဲ အရောက်၌ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းပွိုင့် အရောက်တွင် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ၍ အဆိုပါ ယာဉ်တန်းကို ရော့ကတ် ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ပခုက္ကူကနေ မြိုင်မြို့ကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်လာတဲ့ စစ်ခွေး ကားအစီး ၂၀ ကျော်ပါ ယာဉ်တန်းကို ကျနော်တို့ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲတာက စစ်ခွေး ၃ ကောင်သေတယ်။ ရော့ကတ်ထိတာက စစ်ခွေး ၁ ကောင်သေတယ်လို့ အတည်ပြုနိုင်ခဲ့တယ်။ ဒဏ်ရာရရှိတဲ့ စစ်ခွေး အရေအတွက်လည်း တော်တော်များတယ်။ ဒဏ်ရာရ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး” ဟု COBRA ONE Pakokku တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် COBRA ONE Pakokku တပ်ဖွဲ့နှင့် BA NYEIN GUERRILLA Force တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး COBRA ONE Pakokku တပ်ဖွဲ့၏ ကင်းထောက် ဒရုန်း ၁ စီးလည်း ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article