ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ စစ်တပ် ပြည်သူ ၂ ဦး ကို ဖမ်းဆီး သတ်ဖြတ်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၇၀ ခန့် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၉ ရက်နေ့က ရေးမြို့နယ်ခြေစိုက် စကခ ၁၉ လက်အောက်ခံ တပ်ရင်းများမှ စစ်သားများ ထုတ်နှုတ်ကာ အင်အားအများအပြားဖြင့် ကျုံးလောင်းရွာဟောင်းဘက်သို့ စစ်ကြောင်းထိုးဝင်ရောက် လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ အထိ ၃ ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၇၀ ခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိ ထားကြောင်း သိရသည်။
“တိုက်ပွဲက ၃ ရက်ဆက်တိုက်ရှိပြီ၊ တပ်တွင်းသတင်းပေးအရတော့ ၇၀ လောက်သေပြီးပြီလို့ သိရ တယ်။ ဆက်တိုက် မီးသင်္ဂြိုလ်နေရတယ်။ လက်နက်ကြီးပစ်ကူကတော့ နေ့တိုင်းပဲ၊ တစ်နေ့ တနေ့ကို အလုံး ၁၀၀ ကျော်တယ်။ လေကြောင်း ကတော့ ဒီနေ့ ၃ နာရီခွဲမှာ တစ်ကြိမ်လာပစ်သွားတယ်။ ဗုံး ၄ လုံးကျဲသွားတယ်။ တိုက်ပွဲက ဆက် လက်ပြင်းထန်နေဆဲပါ” ဟု ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်းသို့ အမတ ၃၁၆ ၊ ခလရ ၆၁ ၊ ခမရ ၅၈၃ တပ်ရင်းများမှ ဟောင်ဝှစ်ဇာ ၊ ၁၂၀ မမ ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ကူပေးနေပြီး အနီးအနားကျေးရွာများအတွင်းသို့ ပစ်ခတ်နေ မှုကြောင့် ကျုံးလောင်းရွာ၊ ကျောက်မိကျောင်းရွာအပါအဝင်အနီးအနားကျေးရွာနေပြည်သူ ထောင် ချီကာ ထွက်ပြေးနေကြရကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်သားများ ရေးတံတားကြီး အနီးရှိ အိုင် ဖွတ်ရွာမှ ပြည်သူ ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မွန်၊ ကရင် ၊ PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်နေ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း သိရသည်။
“လေကြောင်း၊ လက်နက်ကြီး အန္တရာယ် သတိထားဖို့ ၊ တပ်ရင်းပြည်သူလူထု လုံခြုံရေးဌာန အနေနဲ့ လည်း ဒေသခံအဖွဲ့အစည်းတွေနဲ့ပူးပေါင်းကာ ပြည်သူတွေကို ကူညီနေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ တွေရဲ့ လိုအပ်ချက်ကိုလည်း မိဘပြည်သူတွေအနေနဲ့ ပြန်လှန်ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါ တယ်” ဟု ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။