Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ဆိုလာစနစ်နဲ့ ဓာတ်အားရရှိရေး လုပ်ငန်းရှင်တွေက ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားပြောဆိုလိုက်ပါတယ်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကို စစ်ကူလာတဲ့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူ ယာယီစစ်ကြောင်းမှူးအပါအဝင် ၈ ဦး ကျော် သေဆုံးသွား တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် ပန်းတောင်းမြို့နယ်၊ တောင်ပုံကြီးစစ်တပ်စခန်းကနေ စစ်ရှုံးအရေးနိမ့် ဆုတ်ခွာလာတဲ့ ဥသျှစ်ပင်၊ ကပစ ၆ က တပ်သားတွေကို စစ်ကောင်စီက ဖမ်းဆီးအချုပ်ချ အရေးယူထား ကြောင်း တပ်သတင်းရင်းမြစ်ကပြောပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်အရာရှိနဲ့ စစ်သည် ၃၀ ထက်မနည်း ထွက်ပြေးနေလို့ စစ်ဆေးရေးတင်းကျပ်နေတယ်လို့ ပုသိမ်သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။