23 C
Yangon

ပေါင်းတလည်မြို့တွင် ရေကြည်ကုန်းရွာ ရာအိမ်မှူး ဇော်မင်းဦး ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ရွာကို ဝင်စီးပြီး အသက် ၂ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင် ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွား

Must read

ပေါင်းတလည်မြို့တွင် ရေကြည်ကုန်းရွာ ရာအိမ်မှူး ဇော်မင်းဦး ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ရွာကို ဝင်စီးပြီး အသက် ၂ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင် ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွား

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့တွင် ရေကြည်ကုန်းရွာ ရာအိမ်မှူး ဇော်မင်းဦး ပစ်ခတ်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ရွာကို ဝင်စီးပြီး အသက် ၂ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် မိသားစုဝင် ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရေကြည်ကုန်းရွာကို ဝင်ရောက်စီးနင်းပြီး အသက် ၂ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင် ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း၊ ထိုသို့ ဖမ်းဆီးခြင်းသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရေကြည်ကုန်းရွာ ရာအိမ်မှူး ဇော်မင်းဦး ပစ်ခတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးသွားသော မိသားစုဝင် ၄ ဦးကို အကြမ်းဖက် စစ်တပ်က ပေါင်းတလည်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး လက်ရှိချိန်တွင် ရာသီဥတု အေးချမ်းသည့်အတွက် အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၅၇ နှစ်အရွယ် အဖွားအိုသည် ကျန်းမာရေး အခြေအနေ စိုးရိမ်ရကြောင်း၊ စစ်တပ်က ဖမ်းဆီးထားသော မိသားစုဝင် ၄ ဦးသည် ကျေးရွာအတွင်း ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေသူများဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပေါင်းတလည်မြို့၊ မြို့လှစံပြကျေးရွာ အုပ်ချုပ်ရေးမှူး အောင်နိုင်ဦးသည်လည်း တော်လှန်ရေး တပ်ဖွဲ့များ၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး သေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က ပေါင်းတလည်မြို့ အတွင်းရှိ ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းပြီး တပ်စွဲမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ပေါင်းတလည်မြို့ မြောက်ဘက်ရှိ ကျေးရွာ ၇ ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ပိတ်ဆို့ထားပြီး ၎င်းတို့ မသင်္ကာသည့် နေအိမ်များကို ဝင်ရောက် စီးနင်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ရေကြည်ကုန်းရွာ ရာအိမ်မှူး ဇော်မင်းဦး ပစ်ခတ်ခံရပြီး နောက်နေ့မှာပဲ ရွာကို ဝင်စီးပြီး အသက် ၂ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် မိသားစုဝင် ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားတာ အခု ပေါင်းတလည်ရဲစခန်းတွင် ကလေးလေးရော မိသားစု တစ်ခုလုံးကို ချုပ်ထားတယ်။ ရာသီဥတုက အေးတဲ့ အချိန်ဖြစ်တော့ ကလေးငယ်နဲ့ အဖွားအိုရဲ့ ကျန်းမာရေး အခြေအနေက စိုးရိမ်ရပါတယ်။ သူတို့က သာမန် ပြည်တွေပါ ရွာထဲကောင်းရောင်းဝယ်လုပ်နေတာကို သူတို့ မသင်္ကာလို့ ဖမ်းသွားတာ နောက်ပြီး အခုရက်ပိုင်း လုံခြုံးရေးဆိုပြီး စစ်ခွေးတွေက တစ်ရွာကို တစ်ရက်စီ အိပ်ပြီး ရွာတွေထဲ ၀င်ရောက် တပ်ဆွဲနေတာတွေရှိပါတယ်။ ရွာတစ်ချို့ဘက်မှာလည်း တပ်‌ဆွဲထားတာတွေ ရှိနေသေးပါတယ်။ ပေါင်းတလည်မြို့ မြှောက်ဘက်မှာလည်း ရွာ ၇ ရွာကို စစ်ဆေးရေးတွေ လုပ်ပြီး သူတို့မသင်္ကာတဲ့အိမ်တွေ အင်အားသုံး ပိတ်ဆို့ဝိုင်းပြီး စစ်ဆေးရေးတွေလည်း ပြုလုပ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ရေကြည်ကုန်းရွာ ရာအိမ်မှူးချက်ဖောင်း (ခ) ဇော်မင်းဦးတို့ လင်မယား နှင့် မြို့လှစံပြကျေးရွာ အုပ်ချုပ်ရေးမှူး အောင်နိုင်ဦးတို့ကို ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၃ က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article