20.6 C
Yangon

အမ်းမြို့နယ်နှင့်ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ စစ်ကြောင်းမှ ဗိုလ်မှူးကျော်စိုးနိုင် စနိုက်ပါ ထိမှန်သေဆုံး

Must read

အမ်းမြို့နယ်နှင့်ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ စစ်ကြောင်းမှ ဗိုလ်မှူးကျော်စိုးနိုင် စနိုက်ပါ ထိမှန်သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော အကြမ်းဖက် စစ်တပ်၏ ခလရ ၁၅ စစ် ကြောင်းမှ ဗိုလ်မှူး ကျော်စိုးနိုင်သည် စနိုက်ပါ ထိမှန်သေဆုံးခဲ့ကြောင်း ခလရ ၁၅ တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ တပ်ရင်းမှ ဗိုလ်မှူး ကျော်စိုးနိုင်သည် စနိုက်ပါ ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူး ကျော်စိုးနိုင်ဦးစီးသော စစ်ကြောင်းသည် တောတွင်းထဲ ပိတ်မိနေသည်မှာ လနှင့်ချီ ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူး ကျော်စိုးနိုင် သေဆုံးကြောင်းကို ၎င်းနှင့်အတူ တောထဲ၌ ပိတ်မိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တပ်ရင်းကို ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များကို အသိပေးခြင်းရှိ၊ မရှိကို မသိရသေးကြောင်း၊ ဗိုလ်မှူး ကျော်ိစုးနိုင်သည် ပဲခူးတိုင်း ကျောက်ကြီးဇာတိဖြစ်ပြီး ရက္ခိုင်ပြည်သို့ ပို့ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ခလရ ၁၅ က ဗိုလ်မှူးကျော်စိုးနိုင် ရခိုင်မှာ စနိုက်ပါ မှန်ပြီး သေပြီလို့သိရတယ်။ သူက ပဲခူး ကျောက်ကြီး ဇာတိပါ။ ရခိုင်ကို အပို့ခံရပြီး မနေ့က သေတယ်ကြားတယ်။ သူတို့က ရက္ခိုင်မှာ ပိတ်မိနေတာကြာပြီ သေတာတော့ မနေ့ကမှ ကျည်မှန်တာ သူ့အပြင် နောက်ထပ် ပိတ်မိနေတဲ့ စစ်သားတွေရှိသေးတယ်။ သူသေတဲ့သတင်းက သူနဲ့အတူ တောထဲ တောင်ထဲ ပိတ်မိနေတဲ့ သူ့ နောက်လိုက် စစ်သားတွေ လှမ်းသတင်းပို့တာ လို့သိရတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ခလရ ၁၅ သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပြီး ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် အခြေစိုက်ထားကြောင်း၊ စစ်ကောင်စီက ရခိုင်ဘက်သို့ စစ်ကူစစ်ကြောင်းများ စေလွှတ်ရာတွင် တိုက်ခိုက်ရေးတပ်များ၊ လက်ရုံးတပ်များ၊ ပြည်သူ့စစ်များ၊ စစ်မှုထမ်း သင်တန်းတပ်သားများကို စုပေါင်း၍ စစ်ကြောင်းပုံစံ ဖွဲ့စည်း၍ စေလွှတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပြန်လည် ထိုးစစ်ဆင်ရန် မကွေး တိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းကားလမ်းမှတစ်ဆင့် စစ်ကူစစ်ကြောင်းများ ဆက်တိုက် စေလွှတ်လျက်ရှိကြောင်း၊ အများစုသော စစ်ကြောင်းများမှာ တော်လှန်ရေးတပ်များ၏ ချေမှုန်းခံရပြီး စစ်ကြောင်းလိုက်ပျက်စီးမှုများရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article