19.7 C
Yangon

ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပေါ်တာဆွဲ စုဆောင်းခံရသူ လူငယ် ၄၀၀ နီးပါးကို ဟိုပုံးမြို့ရှိ စစ်သင် တန်းကျောင်းသို့ ပို့ဆောင်၊ ပေါ်တာဆွဲ ဖမ်းဆီးမှုများ အပါအဝင် အဓမ္မ စုဆောင်းမှုများကြောင့် ရန်ကုန်တိုင်းတွင် လစဉ် စစ်မှုထမ်းတပ်သားသစ် အရေအတွက် ၁၀၀၀ ကျော် အထက် ရရှိနေ

Must read

ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပေါ်တာဆွဲ စုဆောင်းခံရသူ လူငယ် ၄၀၀ နီးပါးကို ဟိုပုံးမြို့ရှိ စစ်သင် တန်းကျောင်းသို့ ပို့ဆောင်၊ ပေါ်တာဆွဲ ဖမ်းဆီးမှုများ အပါအဝင် အဓမ္မ စုဆောင်းမှုများကြောင့် ရန်ကုန်တိုင်းတွင် လစဉ် စစ်မှုထမ်းတပ်သားသစ် အရေအတွက် ၁၀၀၀ ကျော် အထက် ရရှိနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပေါ်တာဆွဲ ဖမ်းဆီး စု ဆောင်းခံရသူ လူငယ် ၄၀၀ နီးပါးကို ဟိုပုံးမြို့ရှိ စစ်သင်တန်းကျောင်းသို့ ပို့ ဆောင်လိုက်ပြီဖြစ်ကြောင်း စုဆောင်းခံရသော လူငယ်များ၏ မိဘများနှင့် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်းတွင် ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ လမ်းများ၊ ရပ်ကွက်များတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များကို လှည်းကူးမြို့နယ်၊ ရဲမွန်တပ်အတွင်း ဖမ်းဆီးထိန်း သိမ်းခဲ့ကြောင်း၊ ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းသို့ ပို့ဆောင်လိုက်ပြီဖြစ် ကြောင်း သိရှိရသည်။

“စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ရှမ်းတောင် ဟိုပုံး တပ်မတာ် ကွန်ပျူတာနဲ့ နည်းပညာ သိပ္ပံကျောင်းကို မနေ့ မနက် ၈ နာရီမှာ ပို့ဆောင်ပါတယ်။ လှည်းကူးရဲမွန်တပ်ထဲကနေ စစ်ကား ၂၀ နဲ့ ပို့ ဆောင် တာဖြစ်ပါတယ်။ အရင်ကတော့ ဘုရင့်နောင် စစ်ကြောရေးတပ်မှာထားတာပါ။ အခုကတော့ လှည်းကူး ရဲမွန်တပ်ထဲကို ပြောင်းရွှေ့ပြီး မနက်စောစောပို့ဆောင်တာပါ” ဟု ရန်ကုန်ခေတ်သစ်၏ တပ်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

လတ်တလော ရန်ကုန်တိုင်းအတွင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် ရန် ကုန်တိုင်းအနေဖြင့် သတ်မှတ်ထားသော လိုအပ်သည့် အင်အားထက်ပို၍ တပ် သားသစ်များ စုဆောင်းရရှိနေကြောင်း၊ စစ်မှုထမ်း အပတ်စဉ် ၁ မှ စတင်၍ ယခု စစ်မှုထမ်း အပတ်စဉ် ၉ အထိ ရန်ကုန်တိုင်းက လိုအပ်ချက်ပိုမို၍ တပ် သားသစ်များ ရရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ရန်ကုန်ကတော့ လူများတာရော၊ နယ်တွေက ပြောင်းရွှေ့ ဝင်လာတဲ့ စစ်ဘေးရှောင်တွေရောကြောင့် လိုအပ်တဲ့ သတ်မှတ် အရေအတွက်ထက် လူငယ်တွေ ပိုရရှိနေပါတယ်။ စစ်မှုထမ်းအပတ်စဉ်တိုင်းမှာ လိုအပ်ချက်ထက်ပိုမို ရရှိနေပါတယ်” ဟု တပ်သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

ရန်ကုန်တိုင်း၊ မြို့နယ်များအတွင်းတွင် အထူးသဖြင့် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ ကဲ့သို့ သော စက်မှုဇုန်များ တည်ရှိရာ ဆင်ခြေဖုံး မြို့ နယ်များတွင် ဧည့်စာရင်းဝင်စစ်၍လူငယ်များကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ပေါ်တာဆွဲဖမ်းဆီးမှုများ ယခုဇန်နဝါရီလအတွင်း ညတိုင်းလိုလိုဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ဗိုလ်မှူး ချုပ် သိန်းနိုင်နှင့်အဖွဲ့က စစ်မှုထမ်းအပတ်စဉ် ၃ တွင် တပ်သားသစ်များကို ကြိုဆိုခဲ့စဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article