26 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း အစပ်မှာရှိတဲ့အကြမ်းဖက် စစ်ကောင်စီရဲ့ မိုးထိတောင် တပ်စခန်းကို အာရက္ခတပ်တော် AA က ထိုးဖောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က ဒုတပ်ကြပ် တင်မောင်သန်း အပါဝင် စစ်သား ၃ ဦးကတော့ သေထားတဲ့အပြင် ၊ ခမရ ၅၈၉ တပ်ရင်းက ဗိုလ်မှူး နန်းဦး ဆိုသူလည်း ပျောက်ဆုံးနေတယ်လို့ စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပေါ်တာဆွဲ စုဆောင်းခံရတဲ့သူ လူငယ် အယောက် ၄၀၀ နီးပါးကို အကြမ်းဖက် စစ်ကောင်စီတပ်က ဟိုပုံးမြို့မှာရှိတဲ့ စစ်သင်တန်းကျောင်းကို ပို့ဆောင်လိုက်ကြပြီလို့ ဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့ မိဘတွေက ရန်ကုန်ခေတ်သစ်ကို ပြောထားသလို ၊လက်ရှိ ရန်ကုန်တိုင်းမှာ စစ်မှုထမ်း အပတ်စဉ်တိုင်းအတွက် လစဉ် တပ်သားသစ် အရေအတွက်ဟာ ၁၀၀၀ ကျော် အထက်မှာ ရရှိနေတယ်လို့လည်း စစ်တပ် သတင်းရင်းမြစ်က ပြောထားပါသေးတယ်။

စစ်ကိုင်းတိုင်းက ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ ကင်းပုန်းလာဝပ်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၈ ဦးထက်မနည်းသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article