19.7 C
Yangon

ပေါက်ခေါင်းမြို့နယ်၊ ကံကျင်းရဲစခန်းတွင် တပ်စွဲထားသော စစ်သား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပြီး ၁ ဦး သေဆုံး

Must read

ပေါက်ခေါင်းမြို့နယ်၊ ကံကျင်းရဲစခန်းတွင် တပ်စွဲထားသော စစ်သား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပြီး ၁ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကံကျင်းရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကံကျင်းရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သား အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှု အတွင်း သေဆုံးသွားသော စစ်သား အလောင်းကို ရဲစခန်း အတွင်းကျန်ရှိသော စစ်သားများက ပြည်သူပိုင် FAW ကား ၁ စီးကို ချောဆွဲ၍ ပေါက်ခေါင်းဆေးရုံကို ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သေနတ် ကျည်ရှင်းရာမှ ကျည်ထွက်သွား၍ စစ်သား ၁ ဦး သေဆုံးကြောင်း သတင်းလွှင့်ထားပြီး ပစ်ခတ်မှု ဖြစ်ပွားသည်ကို ဖုံးကွယ်ထားကြောင်း သိရသည်။

“ပေါက်ခေါင်း ကံကျင်းရဲစခန်းမှာ ၁၆ ရက်နေ့ ည ၈ နာရီ ခွဲက စစ်ခွေး အချင်းချင်း ရန်ဖြစ်ပြီးတော့ ပစ်ခတ်မှုဖြစ်တယ်။ အဲမှာ စစ်ခွေး ၁ ကောင် သေဆုံးပြီး အလောင်းကို ရွာထဲ ပြည်သူပိုင် FAW ကား ၁ စီးကို ချောဆွဲပြီး ပေါက်ခေါင်းဆေးရုံကို ပို့လိုက်တယ်။ အဲဖြစ်စဥ်နဲ့ ပတ်သတ်ပြီး စစ်ခွေးတွေက အနီးနား ကျေးရွာတွေကို ကျည်ရှင်းလို့ ကျည်ထွက်သွားတာဆိုပြီး လိုက်လိမ်ပြောနေတယ်။ ပစ်ခတ်မှုဖြစ်တဲ့ သတင်းအမှန်ကို ဖုံးကွယ်ထားတယ်” ဟု ဒေသသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article