26 C
Yangon

စလင်းမြို့နယ်၊ နွယ်တမယ်တံတားတွင် ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်

Must read

စလင်းမြို့နယ်၊ နွယ်တမယ်တံတားတွင် ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၁၈

မကွေးတိုင်း၊ စလင်းမြို့နယ်၊ နွယ်တမယ်တံတားတွင် ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားတွင် ကင်းစောင့်နေသော စစ်ကောင်စီ တပ်သား ၁ ဦးသည် ကင်းကျအချိန် ထွက်ပြေးလာပြီး ဒေါင်းစစ်အောင် (LPDF) ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသော စစ်ကောင်စီ တပ်သားသည် အသက် ၃၀ အရွယ် ကိုကျော်စွာထက်ဖြစ်ပြီး ၎င်းထွက်ပြေးလာစဉ် ဒေါင်းစစ်‌အောင် (LPDF) အဖွဲ့၏ ရှေ့ကင်းပွိုင့်မှ တော်လှန်ရေး ရဲဘော်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ကောင်စီ တပ်သားတွေ အနေနဲ့ ပြည်သူ့ ရင်ခွင်လှုံကျဖို့ တိုက်တွန်းလိုတယ်။ ကျနော်တို့ အနေနဲ့လည်း နွေးထွေးစွာ ကြိုဆိုနေပါတယ်။ ဒေါင်းစစ်အောင် (LPDF) အဖွဲ့ကိုလည်း တိုက်ရိုက်ချိတ်ဆက်ပြီး အလင်းဝင်နိုင်ပါတယ်” ဟု ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article