24 C
Yangon

ရေတာရှည်မြို့နယ်၊ နှောပင်ရွာတွင် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲနေသော စစ်သားများနှင့် စစ်ကူစစ်ကြောင်းကို PDF အမျိုးသမီး ရဲဘော်များ ပါဝင်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ဒဏ်ရာရ

Must read

ရေတာရှည်မြို့နယ်၊ နှောပင်ရွာတွင် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲနေသော စစ်သားများနှင့် စစ်ကူစစ်ကြောင်းကို PDF အမျိုးသမီး ရဲဘော်များ ပါဝင်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နှောပင်ရွာတွင် စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲနေသော အကြမ်းဖက် စစ်သားများနှင့် စစ်ကူစစ်ကြောင်းကို PDF အမျိုးသမီး ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်ဝင်လျှပ်စီးစစ်ကြောင်း သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်အီဗယ် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ နှောပင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲနေသော အင်အား ၁၅ ဦးပါ အကြမ်းဖက် စစ်သားများကို တော်ဝင်လျှပ်စီးစစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များက သွားရောက် စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အထိနာသွားသော နှောပင်ကျေးရွာမှ အကြမ်းဖက် စစ်သားများကို စစ်ကူပေးရန် ကျွန်းတောကုန်း ကျေးရွာမှ ထွက်လာသော အင်အား ၂၀ ခန့်ပါ စစ်ကြောင်းကိုလည်း တော်ဝင်လျှပ်စီးစစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များက ထပ်မံ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့ တိုက်ခိုက်မှုကို ရဲဘော်သမန်းကျား ဦးဆောင်သော တော်ဝင်လျှပ်စီး စစ်ကြောင်းမှ သွားရောက် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သား ၆ ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း၊ ယင်း တိုက်ခိုက်မှုတွင် စစ်ကြောင်းမှ အမျိုးသားရဲဘော်များနှင့်တန်းတူ အမျိုးသမီးရဲဘော် ၆ ဦးတို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီတိုက်ခိုက်မှုမှာ အမျိုးသမီး ရဲဘော်တွေလည်း အမျိုးသားတွေနဲ့ တန်းတူ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၆ ကောင် ဒဏ်ရာရရှိခဲ့တယ်။ သေဆုံးမှု စာရင်း အတိအကျတော့ သိရဖို့တော့ စုံစမ်းဆဲဖြစ်ပါတယ်။ ကျနော်တို့ စိုးမိုးနယ်မြေ မဟုတ်ဘဲ ရန်သူရဲ့ စိုးမိုးနေမြေဖြစ်နေတဲ့ အတွက်ကြောင့်ပါ။ စစ်တောင်းမြစ် အနောက်ဘက်ကမ်းအထိ သွားရောက်စစ်ဆင်ရေးဖော်ဆောင်ရတာဖြစ်တဲ့အတွက် စစ်ဆင်ရေးနယ်မြေအတွင်း အချိန်ကြာမြင့်စွာ ဝင်ရောက်နေထိုင်လို့ မရသေးသည့်အတွက် အလျင်အမြန် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ အဲ့အတွက်ကြောင့် ရန်သူရဲ့ အထိခိုက်အကျဆုံးမှု သတင်းကို အတိအကျရဖို့က ခက်ခဲနေတာဖြစ်ပါတယ်။ ရန်သူဟာ သူတို့ရဲ့ စိုးမိုးနယ်မြေအတွင်းထဲကို အကြိမ်ကြိမ်ဝင်ရောက် ထိုးဖောက်တိုက်ခိုက်ခံနေရတဲ့အတွက် ယခုဆိုရင် စစ်ရေးအင်အားဖြည့်တင်းတာတွေကို လုပ်ဆောင်နေပါတယ်။ အဲ့အတွက်ကြောင့် စစ်ရေးအခြေနေဟာလည်း ပိုမိုပြင်းထန်လာနိုင်စရာတွေရှိတာမို့ ပြည်သူများအနေနဲ့လည်း အကြမ်းဖက်စကစတပ်သားများနဲ့ လွတ်ကင်းရာနေရာတွေမှာ နေထိုင်ကြဖို့ မေတ္တာရပ်ခံပန်ကြားလိုပါတယ်” ဟု တော်ဝင်လျှပ်စီးစစ်ကြောင်း သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်အီဗယ် က ပြောဆိုသည်။

အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်စဥ်အပြီးတွင် ကတို့ကုန်းကျေးရွာဘက်မှ မန်ကျည်းကုန်း ကျေးရွာဘက်တို့ အကြမ်းဖက်စကစများ စစ်ကြောင်းထပ်မံ ဝင်ရောက်လာကြောင်း သိရှိရ၍ ပြည်သူများအနေဖြင့် အသွားအလာအနေအထိုင် ဆင်ခြင်နိုင်ကြရန် သတိပေးတိုက်တွန်းလိုကြောင့် တော်ဝင်လျှပ်စီးစစ်ကြောင်း သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်အီဗယ် က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article