31 C
Yangon

အရေးပေါ် အခြေအနေပေါ်ပေါက်၍ တစ်နိုင်ငံလုံးရှိ အရွယ်ရောက်သူအားလုံးကို စစ်မှုထမ်းရန် စစ်စည်းရုံးခြင်း အမိန့် ထုတ်ဆင့်နိုင်ဟု ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတွင် ပြဋ္ဌာန်း

Must read

အရေးပေါ် အခြေအနေပေါ်ပေါက်၍ တစ်နိုင်ငံလုံးရှိ အရွယ်ရောက်သူအားလုံးကို စစ်မှုထမ်းရန် စစ်စည်းရုံးခြင်း အမိန့် ထုတ်ဆင့်နိုင်ဟု ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတွင် ပြဋ္ဌာန်း

🟥ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးခြင်းကို အခြေခံပညာကျောင်းများတွင် သင်ရိုးညွှန်းတမ်း ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းပို့ချရမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် အရေးပေါ် အခြေအနေပေါ်ပေါက်၍ တစ်နိုင်ငံလုံးတွင် အရွယ်ရောက်သူအား လုံးကို စစ်မှုထမ်းရန် စစ်စည်းရုံးခြင်း အမိန့်ကို စစ်ကောင်စီက ထုတ်ပြန်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ စစ်ကောင်စီက ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ အခန်း ၉ ၊ စစ်စည်းရုံးခြင်း ပုဒ်မ ၄၉ တွင် အထက်ပါအတိုင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပုဒ်မ ၄၉ တွင် နိုင်ငံတော် ၏ ဒေသတချို့တွင်လည်းကောင်း၊ နိုင်ငံတော်တစ်ဝန်းလုံးတွင် လည်း ကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ပေါ်ပေါက်၍ ပြည်ထောင်စုအစိုးရက စစ်မှု ထမ်းရန် အရွယ်ရောက်သူအားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင် ပြီးသူအားလုံးကို ဖြစ်စေ၊ အချို့ကိုဖြစ်စေ သင့်လျှော်သည့်ဒေသတွင် စစ်စည်းရုံးခြင်း အမိန့် ထုတ်ဆင့်သည့်အခါ ဗဟိုအဖွဲ့သည် သက်ဆိုင်ရာ ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့အဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

“ဒီစစ်စည်းရုံးခြင်း ပြဋ္ဌာန်းချက်ကတော့ အရွယ်ရောက်ပြီးသူ ဆိုတာ အသက် ၁၈ နှစ်ကနေ အသက်ကြီးရင့်နေတဲ့ အဘိုး အဘွားတွေအထိ အကျုံးဝင်ပါတယ်။ သူတို့ လိုအပ်ရင် ဘယ်သူ့ကိုမဆို စစ်မှုထမ်းဖို့ ဆင့်ခေါ် နိုင်တယ်လို့ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့မှ တရားလွှတ်တော်ရှေ့နေက ရှင်းပြသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ ပုဒ်မ ၅၉ တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးခြင်းများကို အခြေခံ ပညာကျောင်းများမှ အစပြု၍ သင်ရိုးညွှန်းတမ်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းပို့ချနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆက်လက် ပြဋ္ဌာန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article