24 C
Yangon

ဘုတ်ပြင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၅၆၀ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် ၃ ဦး အလင်းဝင်

Must read

ဘုတ်ပြင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၅၆၀ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် ၃ ဦး အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၅၆၀ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းဆင်း စစ်သား ၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း PDF Kawthaung District Battalion 1 – P23201 တပ်ရင်းမှူး အညာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၅၆၀ တပ်ရင်းမှ စစ်မှုထမ်း သင်တန်းဆင်း စစ်သား ၃ ဦးသည် လက်နက် ယူဆောင်လာခြင်းမရှိဘဲ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း (PDF) ၊ ပလဖ ၊ ပကဖ နှင့် KNLA ပူးပေါင်းအဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

“ထွက်ပြေးလာတာက ၂၀ ရက်နေ့ကပါ။ ၂၃ ရက်နေ့ရောက်မှ တော်လှန်ရေးတပ်ပေါင်းစုနဲ့ တွေ့တာပါ။ လက်နက်မပါဘူး။ ထွက်သူတို့တွေကတော့နယ်အစုံပဲ။ စကထ ၄ ပင်လောင်းသင်တန်းဆင်းတွေပါ။ စစ်မှုထမ်း အပတ်စဉ် ၆ က ပါ။ မိခင်တပ်ရင်းကတော့လေညှာ ၅၆၀ ကလို့ ပြောတယ်။ မိခင်တပ်ရင်းမရောက်ခင် ထွက်ပြေးလာတယ်ပြောတယ်။ ကျွန်တော်တို့ မဟာမိတ်တပ်ဖွဲတွေဆီကိုပြည်သူတွေမေးပြီးရောက်လာတယ်” ဟု PDF Kawthaung District Battalion 1 – P23201 တပ်ရင်းမှူး အညာက ပြောဆိုသည်။

အဆိုပါ လူငယ် ၃ ဦးကို အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းရမည်ဟုဆိုကာ နေအိမ်များမှ ခေါ်ဆောင်လာပြီး စစ်ကောင်စီ တပ်သားများထံ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ လူငယ်များကို လက်ရှိချိန်တွင် ပလဖ အဖွဲ့က တစ်ဦးလျှင် ငွေကျပ် ၁ သိန်း ၂ သောင်း ထောက်ပံ့ပေးအပ်ထားကြောင်း သိရသည်။

“သူတို့ကို အုပ်ချုပ်ရေးမှူးတွေကခေါ်လာပြီး စစ်တပ်ထဲထည့်တာလို့ သိရတယ်။ လက်ရှိမှာ ဂုဏ်ပြုစုငွေတော့ မဟုတ်ဘူး။ တစ်ယောက်ကို တစ်သိန်း နှစ်သောင်းနှုန်းနဲ့ ပလဖ က ထောက်ပံ့ပေးထားပါတယ်။ ဘယ်လိုဆောင်ရွက်မလဲဆိုတာကိုတော့ ကျနော်တို့မဆုံးဖြတ်ဘူး။ သူတို့ကိုပဲရွေးချယ်ခိုင်းထားပါတယ်။ ခိုလှုံမှာလား၊ လက်နက်ကိုင်ပြီး စစ်အာဏာရှင်ကိုတော်လှန်မလား။ စဥ်းစားခိုင်းထားပါတယ်။ အခုလိုအသိစိတ်နဲ့ဝင်လာတဲ့လူတွေကိုကြိုဆိုပေးပါတယ် နောက်လည်း ဆက်သွယ်လာရင် နွေးနွေးထွေးထွေးကြိုဆိုပါတယ်လို့ပြောချင်ပါတယ်” ဟု PDF Kawthaung District Battalion 1 – P23201 တပ်ရင်းမှူး အညာကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article