26 C
Yangon

မြင်းမူနှင့် ထန်းတပင်တွင် စစ်ယာဉ်တန်းနှင့် စစ်တပ် အထိုင်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

Must read

မြင်းမူနှင့် ထန်းတပင်တွင် စစ်ယာဉ်တန်းနှင့် စစ်တပ် အထိုင်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး ကား ၁ စီးပျက်စီးခဲ့ကြောင်း Dog Killers People’s Defence Force Myinmu တပ်ဖွဲ့တာဝန်ခံ ကိုမောင်ကာ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၄ မိနစ်ခန့်တွင် မုံရွာမြို့ ဝမ်ပေါင်ကုမ္မဏီမှ ထွက်လာသော ကြေးနီ ကားများနှင့် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကားများကို မြင်းမူမြို့နှင့် ဝမ်းပြည့်ရွာ အကြား အရောက် ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရဿည်။

“မုံရွာဘက်ကနေ စစ်ကိုင်းဘက်သွားတာ ကြေးနီတင်တဲ့ကားတွေရယ် စစ်သားတွေ တင်တဲ့ကား‌တွေရယ် Jammer ကားတွေရယ်ပါတယ်။ ပထမ ကြေးနီကားကို ဆွဲတယ်။ မိုင်း ၂ လုံးပေါ့။ ကားကိုထိ တယ်။ ဒဏ်ရာရ သွားတဲ့သူတွေလည်းပါသွားတယ်။ နောက်Jammer ကားကိုလည်းဆွဲတယ်။ ဒုတိယအကြိမ်ဆွဲတော့လည်း ထပ်ထိတယ်။ ဂျန်ပါကားက သံတွေနဲ့ဆိုတော့ ထိရုံပဲ ထိတာ နောက်ဆုံးကာ စခတွေခပဲ ပါလာတဲ့ကားကိုကျတော့ ထိထိမိမိဆွဲလိုက်တာ အဲဒီမှာ သေဆုံးဒဏ်ရာရတာတွေဖြစ်တာ နောက်ဆုံးကားမှာမိတာ မိုင်းဆွဲပြီးတော့ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်သေးတယ်။ မြင်းမူမြို့ အဝင်နားရောက်တော့ ရပ်သွားတာ ရပ်သွားပြီးတော့ လက်နက် ငယ်တွေနဲ့ ရမ်းသမ်းပစ်ပြီး သေဆုံးတဲ့သူတွေနဲ့ လူနာတွေကို မြင်းမူမြို့ထဲကနေ ကား ၃ စီးနဲ့ လာသယ်သွားတာ” ဟု Dog Killers People’s Defence Force Myinmu တပ်ဖွဲ့တာဝန်ခံ ကိုမောင်ကာ က ပြောဆိုသည်။

ထို့သို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သားအများအပြား လိုက်ပါလာသည့် ကားမှာ မြင်းမူမြို့အဝင်၌ ပျက်စီးသွားပြီး ကားပေါ်တွင် ပါလာသော စစ်သားအလောင်းများနှင့် ဒဏ်ရာရရှိသူများကို လူနာတင်ယာဉ် ၃ စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း၊ ပြည်သူများ အနေဖြင့် လမ်းပိုင်း အသုံးပြုမှုကို သတိပြု သွားလာကြရန်နှင့် စစ်ကောင်စီ တပ်သားများ အနီး သွားလာခြင်းမပြုလုပ်ရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေး ပြောဆိုထားသည်။

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK-PDF MMU) တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ငယ္များဖြင့် ရမ်းသမ်း ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ရှိ ထန်းတပင်တံတား အရှေ့ဘက်ကမ်းထိပ်ရှိ စစ်တပ် အထိုင်ချတပ်စွဲသော နေရာကို ဒရုန်းဖြင့် ဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် – ၃၅၀၁ တပ်ခွဲ ၂ ကတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ည ၉ နာရီခန့်တွင် ထန်းတပင်မြို့နယ်ရှိ ထန်းတပင်တံတား အရှေ့ဘက်ကမ်းထိပ်ရှိ စစ်တပ် အထိုင်ချတပ်စွဲထားသော အင်အား ၂၅ ဦးခန့်ရှိ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးများ ကျဲတိုက်ခိုက်ခဲ့ကြောင်းခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးတွေရဲ့ ဒဏ်ရာရစာရင်းပဲ သိရသေးပါတယ်။ လက်ရှိတော့ တောင်ငူစစ်ဆေးရုံမှာပဲ ရှိသေးတော့ အသေအပျောက်စာရင်းကအတိကျမရသေးလို့ပါ။ ဒဏ်ရာရ အရေအတွက်များတယ်”ဟု တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် – ၃၅၀၁ တပ်ခွဲ ၂ ကတာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို အုတ်တွင်းမြို့နယ် ပကဖ၊ (people’s Defence Organization – Oktwin) နှင့် တပ်ရင်း (၃၅၀၁) တပ်ခွဲ(၂)၊ ယောနသံ ဒရုန်း အဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article