20 C
Yangon

မန္တလေးတွင် အောင်မြေမန္တလာ ဘောလုံးကွင်းဘေးရှိ အိမ်များနှင့် ဗထူးကွင်းပတ်လည်ရှိ ဈေးဆိုင်ခန်း ၁၃၃ ခန်း စုစုပေါင်း ၂၅၀ နီးပါးကို စစ်တပ်နှင့် စည်ပင်များက နိုင်ငံတော်ပိုင်မြေဟုဆိုကာ အတင်းအဓမ္မ ၀င်ရောက် ဖျက်ဆီး

Must read

မန္တလေးတွင် အောင်မြေမန္တလာ ဘောလုံးကွင်းဘေးရှိ အိမ်များနှင့် ဗထူးကွင်းပတ်လည်ရှိ ဈေးဆိုင်ခန်း ၁၃၃ ခန်း စုစုပေါင်း ၂၅၀ နီးပါးကို စစ်တပ်နှင့် စည်ပင်များက နိုင်ငံတော်ပိုင်မြေဟုဆိုကာ အတင်းအဓမ္မ ၀င်ရောက် ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ၂၂ လမ်း ၊ ၈၀ x ၉၀ လမ်းမှ အောင်မြေမန္တလာ ဘောလုံးကွင်း ကပ်လျက်ရှိ အိမ်ခန်းပေါင်း ၁၀၀ ကျော် နှင့် ဗထူးကွင်း ပတ်ပတ်လည်ရှိ ဈေးဆိုင်ခန်း ၁၃၃ ခန်း အပါအဝင် အိမ်ခြေနှင့် ဆိုင်ခန်း ၂၅၀ နီးပါးကို အကြမ်း ဖက်စစ်တပ်က နိုင်ငံတော်ပိုင်မြေအဖြစ် ဆိုင်းဘုတ်ထောင်၍ လာရောက်ဖျက်ဆီး သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်သားများ ၊ ထွေအုပ်၊ ရဲ ၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့ဝင်အများအပြားနှင့် အိမ်ခန်းများကို နိုင်ငံပိုင်မြေ ၊ မကျူးကျော်ရ စာတန်းပါ ဆိုင်းဘုတ်များ ကပ်ထားပြီး သွပ်ပြားအပြာရောင်များနှင့် ပိတ်ဆို့လိုက်ခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“အောင်မြေမန္တလာ ဘောလုံးကွင်းပတ်ပတ်လည်မှာ ရှိတဲ့ အိမ်ခြေ ၁၀၀ ကျော်ကို စစ်တပ်က လာရောက ရှင်းလင်း ဖျက်ဆီးသွားတယ်။ ဗထူးကွင်းပတ်ပတ်လည်က အိမ်ခြေ ၁၅၀ နီးပါး စုစုပေါင်း ၁၅၀ နီးပါးကို စစ်တပ်နဲ့ ပျူစောထီးတွေ လာပြီး ဖျက်ဆီးသွားတယ်။ နောက်လ ၁၀ ရက်နေ့မှာလည်း အထက ၁၀ ဘောလုံးကွင်း အနီးမှာ ရှိတဲ့ အိမ်ခြေတွေကိုလည်း ရှင်းလင်းမယ်ဆိုပြီး လိုက်ကြေညာနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်နှင့် အပေါင်းပါများက အိမ်ခြေနှင့် ဈေးဆိုင်ခန်း ၂၅၀ နီးပါးကို ဖျက်ဆီးလိုက်သည့်အတွက် ပြည်သူများမှာ အိုးမဲ့အိမ်မဲ့နှင့် အခက်အခဲများစွာ ဖြစ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဗထူးအားကစားကွင်းပတ်လည်ရှိ ဈေးဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းရန်အတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စာထုတ်၍ ဈေးဆိုင်ရှင်များကို ဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့တွင်မူ လာရောက်၍ ဈေးဆိုင်ခန်းများကို ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article