27 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ပြင်းဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် တစ်ခုမှာ တက်ရောက်တဲ့ ဗိုလ်လောင်းအရေအတွက်ဟာ ၃၀၀ အောက်ကို ထိုးကျနေပြီး လျှောက်ထားသူအလွန်နည်းပါး နေတဲ့အတွက် စစ်တပ်မိသားစုတွေထဲက ၁၀ တန်းအောင်ကျောင်းသားတွေကို ဆွဲခေါ်တက်ခိုင်း နေရတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– စစ်ကိုင်းတိုင်းက ရွှေဘိုမြို့မှာ လူငယ်တစ်ဦးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၃၀ ငွေညှစ်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော် နဲ့ ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီးလိုက်ပြီး ၊ တစ်နိုင်ငံလုံး ဖြစ်ပွားနေတဲ့ ငွေညှစ်မှုတွေထဲက ဖြစ်စဉ် တစ်ခုကို စစ်ကောင်စီက ဝန်ခံထုတ်ပြန်လာပါတယ်။

– မကွေးတိုင်းက ဆိပ်ဖြူမြို့မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ကပစ ၂၁ က တပ်ကြပ်ကြီး အောင်ကြည်ဆန်း နဲ့ Non CDM ဝန်ထမ်းတွေကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးစစ်ဆေးတဲ့အချိန် တပ်ကြပ်ကြီး အောင်ကြည်ဆန်းဟာ ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာမှာ နေရာမှာပဲ ပွဲချင်းပြီးကို သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article