27 C
Yangon

စစ်ကိုင်းတွင် စစ်တပ် ဒေါင်တိုင် ထွန်းဝေ ပိုင်ဆိုင်သော ကားကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ဖမ်းဆီး သိမ်းဆည်း

Must read

စစ်ကိုင်းတွင် စစ်တပ် ဒေါင်တိုင် ထွန်းဝေ ပိုင်ဆိုင်သော ကားကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ဖမ်းဆီး သိမ်းဆည်း

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ပြည်သူပိုင် စက်လှေများထံမှ ဆက်ကြေးယူပြီး နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် စစ်တပ် ဒေါင်တိုင် ထွန်းဝေ ပိုင်ဆိုင်သော ကားကို ဖမ်းဆီး သိမ်းဆည်းခဲ့ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်မှ ရာထူး အကြီးပိုင်းများနှင့် ပေါင်းပြီး ပြည်သူအပေါ် နှင့် ဧရာဝတီမြစ်အတွင်းသွားလာသော သစ်ဖောင်၊ ဝါးဖောင်များ စက်လှေများကို အမျိုးမျိုး ဒုက္ခပေးပြီး ဆက်ကြေးကောက်ယူနေသော ရှာရောင်းကျေးရွာမှ စစ်တပ် ဒေါက်တိုင် ထွန်းဝေ ပိုင်ဆိုင်သော ကားကို မင်းကွန်းဒေသ လမ်းပိုင်းတစ်နေရာတွင် ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးစဉ် ကားမောင်းလာသူသည် ဒေသပြည်သူဖြစ်သောကြောင့် ပြန်လွှတ်ပေးခဲ့ပြီး ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ ရဲဘော်များက ကားကို သိမ်းဆည်းခဲ့ကြောင်း၊ အဆိုပါ ကားကို တော်လှန်ရေး အတွက် လိုအပ်သော နေရာများနှင့် အများ ပြည်သူ အကြိုးပြုသော နေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ကားမောင်းတဲ့လူက ပြည်သူဖြစ်နေလို့ပါ။ အဓိကကတော့ မင်းကွန်းဒေသက စကစ ဒေါက်တိုင်တွေ ပြည်သူ့စစ်တွေ ရဲတွေနဲ့ ပတ်သတ်နေတဲ့ ဘုန်ကြီးတွေကို နောက်ဆုံးအနေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ အသိပေးလိုပါတယ်။ တိုင်ကြားမှုတွေ စာရင်းတွေ အဆက်အသွယ်လုပ်ထားတဲ့ contant တွေ အတိအကျ ရထားပြီးတာမို့ပါ” ဟု ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းပြည်သူ့စစ် ဦးဆောင် ကိုယ်တော် ဝေပုလ္လ နှင့် ပတ်သတ် ဆက်နွယ်နေသော ဘုန်းကြီးကျောင်း စာရင်းများလည်း ရရှိထားပြီးဖြစ်၍ ပတ်သတ် ဆက်နွယ်နေသော ဘုန်းကြီးများ အနေဖြင့် အသိစိတ်ဖြင့် ကင်းကင်းရှင်းရှင်း နေထိုင်ကြရန်နှင့် ဆက်လက်ပူပေါင်းပါက အရေးယူမှုများ ပြုလုပ်သွားမည်ကြောင်း နောက်ဆုံးအကြိမ် အသိပေးအပ်ကြောင်းနှင့် ဆက်လက်ပူပေါင်း နေ၍ ထိခိုက်မှု တစုံတရာရှိပါက လုံးဝ တာဝန်ယူဖြေရှင်းမည်မဟုတ်ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က သတိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article