Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁ ရက်မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ပိတ်မိနေတဲ့ စစ်သားတွေက လေယာဉ်နဲ့ ကယ်ထုတ်ဖို့ စစ်ကောင်စီထံ အကူအညီတောင်းခံခဲ့ပေမယ့် လေယာဉ်အဆုံးအရှုံး မခံနိုင်တဲ့အတွက် မကယ်ထုတ်နိုင်ဘူးလို့ ပြန်လည် ပြောဆိုခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက ဝန်ခံ ပြောဆိုလိုက်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်းက ယူကေမှာရှိတဲ့ မြန်မာနိုင်ငံသံရုံးကို ဒီကနေ့မှာ သွားရောက်ပြီး မြန်မာနိုင်ငံမှာ အကျဉ်းချခံထားရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့နဲ့ မိခင်ဖြစ်သူကို လွှတ်ပေးဖို့ မင်းအောင်လှိုင်ထံ တောင်းဆိုတဲ့စာကို သွားရောက် ပေးပို့ခဲ့ပါတယ်။
စစ်တပ်စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံတဲ့အပြင် အားလုံးအတူတကွ ဆန့်ကျင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။