30 C
Yangon

တလုပ်မြို့ရှိ စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်သားအများအပြားသေဆုံး၊ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေပြီး တလုပ်မြို့ မီးလောင်နေကာ ပြည်သူ တချို့သေဆုံး

Must read

တလုပ်မြို့ရှိ စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်သားအများအပြားသေဆုံး၊ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေပြီး တလုပ်မြို့ မီးလောင်နေကာ ပြည်သူ တချို့သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းများ ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း တလုပ် PDF တာဝန်ခံ ကိုစိမ်းမောင်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၄ နာရီခန့်က မြင်းခြံမြို့နယ်၊ တလုပ်မြို့ရှိ အကြမ်းဖက်စစ်တပ် စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ နံခင်းတစ်ပိုင်းလုံးနီးပါးကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ အများအပြားသေဆုံးကာ စစ်တပ်က ဂျက်ဖိုက်တာ၊ Mi35 ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခါနီးသော်လည်း ကျည်အင်အားနည်းလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“ကျည်အင်အားနည်းလာလို့ ပြန်ဆုတ်ခဲ့ရတာ၊ စခန်းကို ဝိုင်းနိုင်တဲ့အနေအထားထိတော့ ရောက် ခဲ့ တာပေါ့။ စခတွေဘက်က တော့ အတုန်းအရုံးပဲ သေတာရှိတယ်။ သူတို့ဘက်က နည်းနည်းလေး တောင့်ခံနိုင်တဲ့အနေအထားရတယ်၊ ကျနော်တို့မှာက ကျည်အင်အားနည်းလာတာရယ်ကြောင့် ပြန် ဆုတ်ခဲ့ရတာ၊ ကျနော်တို့ဘက်ကလည်း ထိခိုက်မှုတော့ရှိတယ်။ အသက်အန္တရာယ် တော့ စိုးရိမ်ရစရာ မရှိဘူး။ အခုတော့ နည်းနည်းလေးပြန်ဆုတ်ထားတယ်။စခတွေကတော့ တလုပ်မြို့ကို အခု ၁၁ နာရီ လောက်စလို့ မီးရှို့နေပြီ” ဟု တလုပ် PDF တာဝန်ခံ ကိုစိမ်းမောင်က ရန်ကုန်ခေတ် သစ်သတင်းဌာန ထံသို့ ပြောကြား သည်။

အဆိုပါတိုက်ပွဲများအတွင်းအကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူသာ ပေးနိုင်ခဲ့ပြီး မြေပြင်စစ်ကူ စစ်ကြောင်းများ ဖြတ်တောက်နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှု ကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့အပြင် နေအိမ်များ လည်းပျက်စီးမှုရှိကြောင်း သိရသည်။

“မြေပြင်ကတော့ ကျနော်တို့ ဖြတ်တောက်ထားနိုင်တဲ့အတွက် ရောက်လာတာမရှိဘူး။ လေကြောင်း ကနေတိုက်တာက ပြည်သူ ၁ ဦး သေတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်၊ နေအိမ် ပျက်စီးမှုတွေလည်းရှိတယ်၊ တိုက်ပွဲစတော့ မြို့ထဲကထွက်တဲ့ပြည်သူတွေက ထွက်တယ်၊ မထွက်ပဲ ကျန်နေတဲ့ ပြည်သူတွေက လေကြောင်းကနေ ပစ်တာမှာ ထိတာ။” ဟု တလုပ် PDF တာဝန်ခံ ကိုစိမ်းမောင်က ရှင်းပြသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် မေလအတွင် တလုပ်မြို့မှ ပြည်သူများက စစ်တပ်ကို ရရာလက်နက်များဖြင့် ခုခံတော်လှန်ခဲ့ကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article