26 C
Yangon

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့တွင် နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော်

Must read

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့တွင် နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ဂျပန်နိုင်ငံ ၊တိုကျိုမြို့တွင် ဂျပန်နိုင်ငံရောက် မြန်မာလူမျိုး ၅၀၀ ခန့်ပူပေါင်းပြီး နွေဦးတော်လှန်ရေး ၄ နှစ် ပြည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်တွင် တိုကျိုမြို့ရှိ လူ စည်းကားရာ နေရာတစ်ခုဖြစ်သည့် Shibuya မြို့၌ ဂျပန်နိုင်ငံရောက်မြန်မာလူမျိုး ၅၀၀ ခန့် ပူးပေါင်း၍ “မြန်မာ့ နွေဦးတော်လှန်ရေး အလံမလှဲ လူထုလှုပ်ရှားမှု” ခေါင်းစဥ်ဖြင့် စုဝေးကာ ယင်းမှတဆင့် ဂျပန်နိုင်ငံရှိ စစ်ကောင်စီ စစ်သံရုံး (စစ်အခွန်ရုံး) သို့ ဆက်လက်ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဂျပန်နိုင်ငံရှိ စစ်ကောင်စီသံရုံးသို့ မြန်မာနိုင်ငံသားများ၏ သဘောထားဆန္ဒကို ထင်ဟပ်စေ မည့် အိတ်ဖွင့်ပေးစာတစ်စောင်ကိုလည်း သွားရောက်ပေးပို့ခဲ့ကာ ကြွေးကြော်သံများ ကြွေးကြော်၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article