25 C
Yangon

ရေဖြူ မြို့နယ် အခြေစိုက် ခလရ ၂၇၃တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင်

Must read

ရေဖြူ မြို့နယ် အခြေစိုက် ခလရ ၂၇၃တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင်

ရန်ကုန်၊ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ရေဖြူအခြေစိုက် ခလရ ၂၇၃ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ဦးလက် နက်မပါဘဲ အလင်းဝင်ရောက်လာခဲ့ကြောင်း ဝေဟင်တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

၂၀၂၄ ခုနှစ် နိုင်ဝင်ဘာလ ၁၂ ရက်နေ့ ရေဖြူမြို့နယ် ကံပေါက်ဒေသ ရေဖြူအခြေစိုက် ခလရ ၂၇၃ တပ်ရင်းမှ စစ်မှုထမ်း တပ် သား ၃ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ဒေါနတပ်ရင်း၊တပ်ခွဲ-ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ဒေါနတပ်ရင်း၊တပ်ခွဲ၆(ဝေဟင်တပ်ဖွဲ့)သို့ လက်နက်မပါဘဲ အလင်းဝင်ရောက်ဖြစ်ကြောင်း သိရှိရသည်။

“တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသ၊ ခ.လ.ရ ၂၇၃ တပ်ရင်း ဖြစ်ပါတယ်။ ၂၀၂၄ခုနစ်၊ နိုဝင် ဘာလ ၁၂ ရက်ကပါ။ တပ်ကထွက်ပြေး လာတဲ့ သင်တန်းဆင်းသားတွေပါ။ အခုလက်ရှိမှာ တော့ CDM တန်းလျားနဲ့ သီးခြား ထားရှိပါတယ်။ ၃ ဦး စလုံးမှာ ပေါ်တာဆွဲခံ ရသူများ ဖြစ်ပါတယ်။ စစ်မှုထမ်း ၁/၂၀၂၄ သင်တန်းဆင်းတွေကပါ။ တစ်ယောက်နဲ့ တစ်ယောက် က ပေါ်တာဆွဲခံရတဲ့ မြို့မတူကြပါဘူး။သင်တန်းကျောင်းတွေ မတူကြပါဘူး”ဟု ဝေဟင်တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ထိုသို့အလင်းဝင်ရောက်သော CDM တပ်သား ၃ ဦးကို တပ်ခွဲ ၆ (ဝေဟင်တပ်ဖွဲ့)က အထွေထွေအသုံးစရိတ် အဖြစ် တစ်ဦးလျှင် ၅၀၀၀၀၀ (ငါးသိန်း) ကျပ် ထောက်ပံ့ကူညီ ပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article