Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
စိုက်ပျိုးရေးနဲ့ မွေးမြူရေးပေါင်းစည်းထားတဲ့ တက္ကသိုလ်တစ်ခုကို ဧရာ၀တီတိုင်းမှာ လာမည့် ပညာသင် နှစ်အတွက် ဖွင့်လှစ်မယ်ဆိုပြီး မင်းအောင်လှိုင်က ထုတ်ပြောလိုက်တဲ့အတွက် ပြင်ဦးလွင် မှာရှိတဲ့ စစ်တက္ကသိုလ်တွေကို လုံခြုံရေး စိုးရိမ်ပြီး ပြောင်းရွှေ့မည့်သတင်းတွေဟာ ပိုပြီးခိုင်မာလာ တယ်လို့ အဲဒီ တက္ကသိုလ်တွေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ မဲပလီ တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်မှုရဲ့နောက်ဆက်တွဲအနေနဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က ဒုတပ်ရင်းမှူးဗိုလ်မှုး ခန့်နိုင် ၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် တက်ကြပ်တပ်သား စုစုပေါင်း အယောက် ၄၀ ဝန်းကျင်က အသီးသီး သေကုန်ကြပြီး ၊ နောက်ထပ် ဒုဗိုလ်မှူးကြီး တင့်လွင်ဦးနဲ့ ဒုဗိုလ်မှူးကြီး စိုင်းသူရအပါအဝင် စစ်သားအယောက် ၂၀ က ထွက်ပြေးသွားကြတယ်လို့ PDF အမှတ် ၂၇ စစ်ဗျူဟာရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မကွေးတိုင်း၊စလင်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းမှုအတွင်း စစ်ကောင်စီဘက်က သေတဲ့သူတွေ တော်တော်ကိုများတဲ့အပြင် ၊ စခန်းထဲက ဝန်ထမ်းအိမ်ရာကိုပါ မီးရှို့ရှင်းလင်းခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးသတင်းတွေကို တင်ဆက်ပေးပါမယ်။