29 C
Yangon

ညောင်ရွှေ လွယ်နွဲ့ဘုရားတောင်ရှိ စစ်ရှောင်များကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ထပ်မံ တိမ်းရှောင်နေရ၊ ကရင်နီမှ စစ်ရှောင်များကို စစ်တပ်က ပင်လောင်းသို့ ဖြတ်သန်းခွင့်မပေး

Must read

ညောင်ရွှေ လွယ်နွဲ့ဘုရားတောင်ရှိ စစ်ရှောင်များကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ထပ်မံ တိမ်းရှောင်နေရ၊ ကရင်နီမှ စစ်ရှောင်များကို စစ်တပ်က ပင်လောင်းသို့ ဖြတ်သန်းခွင့်မပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် လွယ်နွဲ့ဘုရားတောင်ရှိ စစ်ရှောင်များကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ထပ်မံ တိမ်းရှောင်နေရပြီး ကရင်နီမှ စစ်ရှောင်များကို စစ်တပ်က ပင်လောင်းသို့ ဖြတ်သန်းခွင့်မပေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလပိုင်းမှ စတင်ပြီး ညောင်ရွှေမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများနေထိုင်သော လွယ်နွဲ့ဘုရားတောင်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေခြင်းကြောင့် ပြည်သူများ ထပ်မံ တိမ်းရှောင်နေရကြောင်းသိရသည်။

အဆိုပါ စစ်ဘေးရှောင် ပြည်သူများတွင် ကရင်နီပြည်နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို အကြမ်းဖက် စစ်တပ်က ညောင်ရွှေ တစ်ဖက်ကမ်းရှိ ပင်လောင်းဘက်ကို စက်လှေဖြင့် ဖြတ်သန်းခွင့်မပေးသောကြောင့် လက်ရှိချိန်တွင် စစ်ဘေးရှောင် ပြည်သူများ တိမ်းရှောင်ရမည့် နေရာအခက်အခဲရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ညောင်ရွှေမြို့နယ်၊ လွယ်နွဲ့ဘုရားတောင်ကို စစ်ခွေးတွေက လက်နက်ကြီးနဲ့ ခဏခဏထုနေတော့ ဒေသ ပြည်သူတွေ အပြင် စစ်ရှောင်များပါ ထပ်မံတိမ်းရှောင်နေရတာပါ။ အဲလို တိမ်းရှောင်တဲ့နေရာမှာ ကရင်နီ မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ စစ်ရှောင် ပြည်သူတွေကို ညောင်ရွှေ တစ်ဖက်ကမ်းကူးဖို့ စစ်ခွေးတွေက စက်လှေနဲ့ တင်ခွင့်မပြုတဲ့အတွက် စစ်ဘေးရှောင်တွေ တိမ်းရှောင်ရမယ့်နေရာအတွက်အခက်ခဲဖြစ်နေတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၇ နာရီ ၁၃ မိနစ်ခန့်ကလည်း အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ PNA တို့က ဖယ်ခုံ အနောက်ခြမ်း သစ်ပင်ကောက်မှနေ၍ လက်နက်ကြီးဖြင့် ဘုရားတောင် လွယ်နွဲ့ရွာကို ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၇၄ နှစ်အရွယ် ဦးပြားနှင့် အသက် ၄၄ နှစ်အရွယ် ကိုဖိုးဝ တို့ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ အတွင်း ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ၅၄ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၃ ဦး သေဆုံးကာ ၁၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေး အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article