Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ လက်တလောအနေနဲ့ အမျိုးသမီးတွေကို စစ်မှုထမ်း ခေါ်ယူဖို့ အစီအစဉ် မရှိသေး ပေမယ့် ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ စစ်ကောင်စီပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသွားပြန်သလို ၊ ခြိမ်းခြောက်တဲ့သူတွေဟာ သူတို့စစ်တပ်ကလူတွေနဲ့ စစ်တပ်လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေဖြစ်တယ်ဆိုတာကို ထည့်သွင်းမပြောဘဲ ချန်ထားခဲ့ပါတယ်။
မကွေးတိုင်းက ဆိပ်ဖြူမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူပေါင်း တပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦးကတော့ အသီးသီး သေကုန်ကြ တဲ့အပြင် ၊ ကား ၂ စီးပါ မီးလောင်ပျက်ဆီးသွားတယ်လို့ မင်းဘူးခရိုင် PDF အမှတ် ၁ တပ်ရင်း က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ထိုင်းနိုင်ငံက အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးကနေ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို သူတို့ဆီမှာ အခွန်ဆောင်ပြီးမှသာ နိုင်ငံသားဆိုင်ရာ လုပ်ငန်းစဉ်တွေကို လုပ်းပေးမယ်ဆိုပြီး ထုတ်ပြန်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
![](https://yktnews.com/wp-content/uploads/2025/02/Screenshot-42.jpg)