30.5 C
Yangon

တောင်ပိုင်း စစ်ဒေသတွင် တစ်ပတ်တာအတွင်း တိုက်ပွဲပေါင်း ၁၈ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅၀ ကျော်သေဆုံးကာ စစ်သုံ့ပန်း ၂၇ ဦး ဖမ်းဆီးရမိ

Must read

တောင်ပိုင်း စစ်ဒေသတွင် တစ်ပတ်တာအတွင်း တိုက်ပွဲပေါင်း ၁၈ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅၀ ကျော်သေဆုံးကာ စစ်သုံ့ပန်း ၂၇ ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

တောင်ပိုင်း စစ်ဒေသနယ်မြေတွင် တစ်ပတ်တာအတွင်း တိုက်ပွဲပေါင်း ၁၈ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅၀ ကျော် သေဆုံးကာ စစ်သုံ့ပန်း ၂၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့ထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ နယ်မြေတွင် တောင်ပိုင်း စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ KNU-KNLA၊ BPLA၊ FFD နှင့် အခြား တော်လှန်ရေး ပူးပေါင်းအဖွဲ့များ ပူးပေါင်း၍ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်မှု ၁၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅၀ ဦးနှင့် အထက် သေဆုံး၍ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စခန်းသိမ်းတိုက်ပွဲအနေဖြင့် တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဗျူဟာ ၂၇ တပ်ရင်းတပ်ဖွဲ့များ၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ LDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မဟာမိတ်များဖြစ်သည့် KNLA၊ BPLA၊ FFD ဒရုန်းအဖွဲ့တို့ ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ မဲပလီဗျူဟာစခန်းကုန်းအား ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၂၇ ဦးကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးထားလျက်ရှိပြီး ‌ထွက်ပြေးလွတ်မြောက်သွားသူများကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လိုက်လံ ချေမှုန်းလျက်ရှိကြောင်း၊ အဆိုပါ ထိတွေ့ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၈ ဦး ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article