22 C
Yangon

စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က အုန်းတောရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေပြီး ထောင်နှင့်ချီသော ပြည်သူများဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ

Must read

စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က အုန်းတောရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေပြီး ထောင်နှင့်ချီသော ပြည်သူများဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က အုန်းတောရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေပြီး ထောင်နှင့်ချီသော ပြည်သူများဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှစ၍ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်အတွင်းရှိ အုန်းတောရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ထပ်မံ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ထောင်နှင့်ချီသော ပြည်သူများသည်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

အုန်းတောရွာအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လက်ရှိချိန်ထိရှိနေသောကြောင့် နေအိမ်ပျက်စီးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှု အခြေနေအကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

” နေအိမ်ပျက်စီးမှု အခြေအနေနဲ့ ပြည်သူတွေ ထိခိုက်မှု အခြေအနေကိုတော့ ကျနော်တို့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ခွေးစစ်ကြောင်းက ပြန်မဆုတ်‌သေးဘူးဆိုတော့ အတည်ပြုဖို့ ခက်နေတယ်” ဟု စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်၏ ၂၅၃ ၊ ၂၅၄ ၊ ၂၅၅ တပ်ရင်းများမှ စစ်ကောင်စီ တပ်သား ၃၀၀ ခန့်သည် အုန်းတောရွာနှင့် ကညှပ်ကျေးရွာများကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူ လုယက်သွားကြောင်း သိရသည်။

ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ဘေးလွတ်ကင်းရာကို ရှောင်တိမ်းထားကြရန် စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article