22 C
Yangon

သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ဗဟိုကင်းနှင့် အမတ ၃၀၁ တပ်ရင်း တို့ကို ဒရုန်း၊ ၆၀ မမ တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ဗဟိုကင်းနှင့် အမတ ၃၀၁ တပ်ရင်း တို့ကို ဒရုန်း၊ ၆၀ မမ တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ဗဟိုကင်းနှင့် အမတ ၃၀၁ တပ်ရင်း တို့ကို ဒရုန်း၊ ၆၀ မမ တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ပဲခူးခရိုင် တာဝန်ခံ ကိုဖြိုးမောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ဗဟိုကင်းနှင့် အမြောက်တပ်ကို ပဲခူးခရိုင် အင်းတကော် (ပကဖ) ဒရုန်းအဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ဝေါ (ပကဖ) မှ တော်လှန်ရေးရဲဘော်များ ဦးဆောင်၍ အမှတ် ၃၁၀ အမြောက်တပ်ရင်းကို ၆၀ မမ စိန်ပြောင်း ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“တပ်ရင်းထဲကို လူနာတင် ကားဝင်သွားတယ်။ ထိခိုက်တာရှိပါတယ်။ သိပ်မကြာခင်ဘဲ အမြှောက်တပ်ထဲကနေ ပြန်ထုတာတွေရှိလာပါတယ်” ဟု ပဲခူးခရိုင် တာဝန်ခံ ကိုဖြိုးမောင်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သးများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article