စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူများ ရှေ့တန်းတွင် ထိခိုက်သေဆုံးမှု များပြားနေမှု NUGက သတိပေး ချက် ထုတ်ပြန်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံရန် တိုက်တွန်း
အတင်းအဓမ္မစစ်သားစုဆောင်းခံရသူများ ရှေ့တန်းစစ်မျက်နှာတွင် ထိခိုက်သေဆုံးမှုများပြားနေပြီး နိုင်ငံရေးအမြင်ရှိသော လူငယ်များ ပြည်သူ့ရင်ခွင်ဝင်ရောက်ခြင်းလုပ်ဆောင်လျက်ရှိဟု NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုလိုက်သည်။
ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်၊ လူရွယ်များနှင့် ပတ် သက်၍ တိုက်တွန်း နှိုးဆော်ချက် ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ် သည်။
အကြမ်းဖက်စစ်ကောင်စီသည် ၎င်း၏ လူအင်အားချို့တဲ့သည့် ပြဿနာကို ဖြေရှင်းရန် အဓမ္မ စစ် သားစုဆောင်းသည့်နည်းကို မိုက်မဲစွာ ကျင့်သုံးနေခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မ စစ်သားစုဆောင်းခံရသူ (ပြည်သူ့စစ်မှုထမ်း-ပစ)များမှာ ယခုရက်ပိုင်းတွင် ရှေ့တန်းစစ်မျက်နှာများ၌ ထိခိုက်ကျဆုံးမှု များပြားလျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ထို့အပြင် နိုင်ငံရေးအမြင်ရှိသောလူငယ်များကမူ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေး အင် အားစုများထံ ကြိုတင်ဆက်သွယ်၍ လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်ခြင်း၊ အလင်းဝင် ခြင်း၊ အကြမ်းဖက်စစ်တပ်မှ ထွက်ပြေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း အသိပေးထားသည်။
လက်ရှိစစ်ဆင်ရေးအခြေအနေအရ အကြမ်းဖက်စစ်ကောင်စီတပ်အနေဖြင့် ပြည်သူ့ခုခံ တွန်းလှန်စစ် အတွင်း ၎င်းတို့၏ အင်အားအဆမတန် ပြုန်းတီးလျက်ရှိခြင်း၊ ထောက်/ပို့ဆက်ကြောင်း ပြတ်တောက် နေခြင်းကြောင့် မြေပြင်မှ ထောက်ပို့လုပ်ဆောင်ရန် မတတ်နိုင်တော့ဘဲ လေကြောင်း မှသာ ထောက် ပို့ဆောင်ရွက်နေရခြင်း၊ နိုင်ငံအနှံ့ တပ်ဖြန့်ချထား၍ ပြည်သူ့တော်လှန်ရေးကို ဟန့်တားရန် မဖြစ်နိုင် တော့ခြင်း၊ တန်ပြန်ထိုးစစ် မဆင်နိုင်ခြင်း၊ တော်လှန်ရေးအင်အားစုများ သိမ်းယူထားသည့် မည်သည့် မြို့၊ စခန်းတခုကိုမျှ ပြန်လည်သိမ်းယူနိုင်စွမ်းမရှိတော့ခြင်း၊ ခဲယမ်း၊ မီးကျောက် မလုံမလောက် ဖြစ် နေခြင်း စသောအားနည်းချက်များ ကြုံတွေ့နေရသည်ကို ထင်ထင်ရှားရှား မြင်တွေ့လာရကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ပြောကြားသည်။
ထို့ကြောင့် အဓမ္မစစ်သားစုဆောင်းခံရသည့် လူငယ်၊ လူရွယ်များ အနေဖြင့် –
(က) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၏ လူမှုစာမျက်နှာများနှင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople သို့ ကြိုတင်ချိတ် ဆက်ထားရန်၊
(ခ) စစ်သင်တန်းတက်နေစဉ်ကာလတွင်ဖြစ်စေ သင်တန်းပြီးဆုံး၍ လက်နက်တပ်ဆင်ပြီး အနေအ ထား တွင်ဖြစ်စေ အခြေ အနေပေးသည်နှင့် နီးစပ်ရာ ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများ (PDF၊ ပကဖ၊ ပအဖ၊ ပလဖ နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ) တို့ထံ ဆက်သွယ်၍ အမြန် ဆုံး ဘက်ပြောင်းခိုလှုံကြရန်
(ဂ) ဘက်ပြောင်းခိုလှုံလာသော လူငယ်၊ လူရွယ်များ ဘေးကင်းလုံခြုံရေးကို အကောင်းဆုံး တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လက်နက်၊ ခဲယမ်းများ ပါရှိလာပါက ထိုက်တန်စွာ ဆုကြေးငွေများ ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်ထားသည်။
ဓာတ်ပုံ- အသက် ၁၉ နှစ်ဖြင့် သေဆုံးခဲ့သော စစ်တပ်ဘက်တော်သား ပြည်သူ့ စစ်တစ်ဦး။
![](https://yktnews.com/wp-content/uploads/2025/02/476832973_988274483400158_5587410486841211947_n.jpg)