29 C
Yangon

မင်းလှနှင့်လက်ပံတန်းမြို့နယ်တို့တွင် အသက်မပြည့်သေးသော ၁၀ တန်းကျောင်းသား ၁ ဦး အပါအဝင် လူငယ် ၅ ဦးကို စစ် တပ်က စစ်မှုထမ်းအဖြစ် ခေါ်ဆောင်ရန် ဖမ်းဆီး

Must read

မင်းလှနှင့်လက်ပံတန်းမြို့နယ်တို့တွင် အသက်မပြည့်သေးသော ၁၀ တန်းကျောင်းသား ၁ ဦး အပါအဝင် လူငယ် ၅ ဦးကို စစ် တပ်က စစ်မှုထမ်းအဖြစ် ခေါ်ဆောင်ရန် ဖမ်းဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ၁၀ တန်း ကျောင်းသား ၁ ဦး အပါ အဝင် လူငယ် ၅ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မင်းလှမြို့နယ်၊ ကျောက်တိုင်ကျေးရွာမှ ၁၀တန်း ကျောင်းသား ၁ ဦး နှင့် လူငယ် ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျောက်တိုင်ရွာထိပ်ရှိ ရန်ကုန်-ပြည် ကားလမ်းဘေးတွင် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းကလည်း လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ကျေးရွာ၊ အိုးဘိုတန်းရပ်ကွက်မှ ကိုမျိုးမင်းဆွေ နှင့် ကမ်းနားတန်း ရပ်ကွက်မှ ကိုကုလားကြီး ဆိုသူတို့ကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“မင်းလှမြို့နယ်ထဲက ကျောက်တိုင်ကျေးရွာမှာ နေထိုင်တဲ့ ၁၀ တန်းကျောင်းသား ၁ ဦးနဲ့ လူငယ် ၂ ဦးကို စစ်ခွေးတွေက ကျောက်တိုင်ရွာထိပ်မှာရှိတဲ့ ရန်ကုန်-ပြည် ကားလမ်းဘေးမှာ ပေါ်တာဆွဲ ဖမ်းဆီးသွားတာလို့ သိရတယ်။ မိသားစုတွေကတော့ ဘယ်ကို ခေါ်သွားဆိုလည်းဆိုတာ လိုက်လံစုံစမ်းနေတယ်။ နောက်ပြီး လက်ပံတန်း ခမုံဆိပ်ရွာက အိုးဘိုတန်းရပ်ကွက်မှာ နေထိုင်တဲ့ ကိုမျိုးမင်းဆွေနဲ့ ကမ်းနားတန်းရပ်ကွက်မှာ နေထိုင်တဲ့ ကိုကုလားကြီးကိုလည်း စစ်ခွေးတွေက နေအိမ်ထိ ရောက်လာပြီး ပေါ်တာဆွဲ ဖမ်းဆီးသွားလို့သိရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ယခု ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် လူအင်အားမပြည့်မီ သဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများကို တိုးမြှင့် လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article