29 C
Yangon

ကနီမြို့နယ်၊ နတ်လာပို့မြောက်ရွာကို စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံး

Must read

ကနီမြို့နယ်၊ နတ်လာပို့မြောက်ရွာကို စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်လာပို့ မြောက်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကနီမြို့နယ်၊ နတ်လာပို့ မြောက်ရွာကို အကြမ်းဖက် စစ်တက်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၄၉ နှစ်အရွယ် ဦးအေးလင်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၅၇ နှစ် အရွယ် ဒေါ်မုန်းလည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

“နမခကနေ ကျနော်တို့ရွာကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီခွဲ အချိန်ခန့်က အင်ဂျင် တပ်လေထီးဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့တာ အိမ်ပေါ်ကို တည့်တည့်ကျပြီး တစ်‌‌ဦးသေဆုံးတယ်။ တစ်ဦး ဒဏ်ရာရတယ်။ ရွာသားတွေကတော့ အကုန် ကြောက်လန့် နေကြပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလအတွင်း မုံရွာ နမခ မှ စက်တပ် လေထီးများဖြင့် ကနီမြို့နယ် ဆူးလကုန်းရွာနှင့် နတ်လာပို့ရွာကို ကနဦး စတင် ပျံသန်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တောင်သာမြို့နယ် အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article