21 C
Yangon

ညောင်ရွှေမြို့နယ်၊ ရေပူရွာအနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံး

Must read

ညောင်ရွှေမြို့နယ်၊ ရေပူရွာအနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအနီး ဖြစ်ပွားသော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် – IPDF က ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ညောင်ရွှေမြို့နယ် ၊ ရန်ကင်းကျေးရွာ၊ ထီရီးကျေးရွာ နှင့် ထမင်းချိုဓာတ် ဘုရား စခန်းကုန်းတွင် တပ်စွဲထား‌သော အကြမ်းဖက် စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNA ပူးပေါင်းတပ်က အင်အား ၁၅၀ ဝန်းကျင်ဖြင့် ရေပူရွာ အရှေ့ဘက်ရေချောင်းအထိ စစ်ကြောင်းထိုး ဝင်ရောက်လာ၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲသည် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ပျက်၍ ထီရီးကျေးရွာ အတွင်း ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထိုသို့ ဆုတ်ခွာသွားသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦး နှင့် PNA အဖွဲ့မှ ၁ ဦး စုစုပေါင်း ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အင်း‌လေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) အမှတ် 1009 တပ်ရင်း၊ ဖယ်ခုံ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် PK PDF-2 အမှတ် 1006 တပ်ရင်း ၊ (Bee Coloum) ပျားစစ် ကြောင်းနှင့် SSRY တပ်ဖွဲ့ များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article