ဘီးလင်းမြို့နယ်၊ တဂေးလောင်းချောင်းဖျားရွာ ခရစ်ယာန် ဘုရားကျောင်းဝင်းနှင့် ကျေးရွာထဲကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းချောင်းဖျားရွာ ခရစ်ယာန် ဘုရားကျောင်းဝင်းနှင့် ကျေးရွာထဲကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဘီးလင်းမြို့နယ်၊ တဂေးလောင်းချောင်းဖျားရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းနှင့် ကျေးရွာထဲကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် တဂေးလောင်းချောင်းဖျားရွာ ခရစ်ယာန်ဘုရားကျောင်း ၁ လုံး နှင့် နေအိမ် ၁၇ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။


