ထိုင်း-မြန်မာ နယ်စပ်ရှိ ပွိုင့် ၅၄၁၆ (စစ်ဆင်ရေးခြေကုပ်စခန်း) ကို တိုက်ခိုက်မှု စစ်သားများ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိ
ကရင်နီပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ ပွိုင့် ၅၄၁၆ (စစ်ဆင်ရေးခြေကုပ်စခန်း) ကို တိုက်ခိုက်ခဲ့ရာ စစ်သားများစခန်းစွန့်ခွာထွက်ပြေးသွားပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း KA စစ် ရေး ချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်၍ ထိုင်း – ကရင်နီ – ရှမ်း ၃ ခု နယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီ ၏ နောက်ဆုံးလက်ကျန်စခန်း ဖြစ်သော ပွိုင့် ၅၄၁၆ (စစ်ဆင်ရေးခြေကုပ်စခန်း- တောင်ကတုံး စ ခန်း) ကို ကရင်နီပြည်တပ်မတော်က ဒရုန်း၊ စနိုက်ပါတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား များ ထိခိုက်မှုရှိပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နံနက်ပိုင်းတွင် စခန်းစွန့်ခွာထွက်ပြေး သွား သဖြင့် အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နယ် ၃ နယ်ရဲ့ဘေးနာမှာ၊ ထိုင်းရယ်၊ ကရင်နီ ရယ် ရှမ်းရယ် ဆုံတဲ့နေရာမှာဘေးနားမှာ၊ အောက် ဘက်နည်းနည်းကျတာပေါ့၊ တကယ့်အစွန်ဖြစ်သွားပြီ။ ၁၁ ရက်နေ့ကနေစပြီး ဒရုန်းနဲ့ လုပ်တယ်။ လက်နက်ကြီးနဲ့ ပစ်တယ်၊ စနိုက်ပါနဲ့ပစ်တယ်။ ၁၂ ရက်နေ့အထိ ကျနော်တို့ဘက် ပစ်တာ၊ ၁၃ ရက် နေ့ကျတော့ သူတို့ ဆုတ်သွားပြီ။ သူတို့က မိုင်းယောင်းဘက်ကို ဆုတ်သွားတာ။ ဒဏ်ရာရတာတချို့ရှိ မယ်။ သေ တာလည်းရှိမယ်ထင်တယ်။ သေနတ်တစ်ချို့ရမယ်၊ ပစ္စည်းကျည်ဆံတစ်ချို့ရမယ်။ ကျ နော် တို့ဘက် ရဲဘော်တွေ ထိခိုက်မှုမရှိပါဘူး” ဟု KA စစ် ရေး ချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
စစ်ကောင်စီတပ်သားများဆုတ်ခွာထွက်ပြေးသွားသည့် တောင်ကတုံးတပ်စခန်းကို လက်ရှိတွင် ကရင် နီပြည် တပ်မတော်မှ နယ် မြေရှင်းလင်းရေးလုပ်ဆောင်ပြီး ဝင်ရောက်နေရာယူထားကြောင်း၊ ကရင်နီ ပြည်သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိစစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ်စခန်းသည် စစ်ကောင်စီတပ်သား ၄၀ ဝန်းကျင်သာရှိပြီးတောင်ထိပ်၌တည် ရှိသော စခန်းကုန်းဖြစ် ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ကရင်နီပြည်တပ်မတော် (KA) ၏ အခြေစိုက် တပ်စခန်းကို သိမ်းပိုက်ကာ ဝင်ရောက်နေရာယူထားသည့် စခန်းဖြစ်ကြောင်း သိရ သည်။
ဓာတ်ပုံ-ကန္တာရ၀တီတိုင်းမ်။
![](https://yktnews.com/wp-content/uploads/2025/02/480156392_990336273193979_6633302606618055190_n-1.jpg)
![](https://yktnews.com/wp-content/uploads/2025/02/479919630_990522816508658_726048517744185097_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/480256503_990522873175319_7968348885536309337_n.jpg)