30 C
Yangon

ပုဂံမြို့၊ အလိုတော်ပြည့်ဘုရားအနီး ဆိုင်ကယ်စီးလာသော ရဲ ၃ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ရဲတပ်သား ရီဝေဦး နှင့် ရဲတပ် ကြပ် ခင်မောင်မြင့် ပွဲချင်းပြီး သေဆုံး၊ ဒုရဲအုပ် ဝါဝါထွန်း ထွက်ပြေးလွတ်မြောက်

Must read

ပုဂံမြို့၊ အလိုတော်ပြည့်ဘုရားအနီး ဆိုင်ကယ်စီးလာသော ရဲ ၃ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ရဲတပ်သား ရီဝေဦး နှင့် ရဲတပ် ကြပ် ခင်မောင်မြင့် ပွဲချင်းပြီး သေဆုံး၊ ဒုရဲအုပ် ဝါဝါထွန်း ထွက်ပြေးလွတ်မြောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ အလိုတော်ပြည့်ဘုရားအနီးတွင် ဆိုင်ကယ်စီးလာသော ရဲ ၃ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ပုဂံမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီကျော်အချိန် ပုဂံမြို့၊ အလိုတော်ပြည့်ဘုရားအနီး ဆိုင်ကယ်စီးလာသော ရဲတပ်ဖွဲ့ဝင် ၃ ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ရဲ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ပုဂံမြို့ အလိုတော်ပြည့်ဘုရားနားမှာ ပစ်ခတ်မှုဖြစ်တာ။ အဲဒါ တစ်မနက်လုံး ပုဂံမြို့ဟောင်းဘက် မှာ လမ်းတိုင်းမှာ စစ်တပ်နဲ့ရဲတွေ အစစ်အဆေးကြမ်းနေတယ်။ တစ်မြို့လုံး ပိုက်စိတ်တိုက်ပြီး ရှာနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ပုဂံနယ်မြေရဲစခန်းမှ ဒုရဲအုပ် ဝါဝါထွန်းနှင့်အဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ညောင်ဦးမြိုနယ် တရားရုံးထုတ် လုံခြုံရေးဆောင်ရွက်ရန်အတွက် ထွက်လာခဲ့ကြောင်း၊ ဒုရဲအုပ် ဝါဝါထွန်း မှ မော်တော်ဆိုင်ကယ် ၁ စီး၊ ရဲတပ်သား ရီဝေဦး နှင့် ရဲတပ်ကြပ် ခင်မောင်မြင့် တို့က ဆိုင်ကယ် ၁ စီးဖြင့် စီးနင်းလာကြောင်း သိရှိရသည်။

ဒုရဲအုပ်ဝါဝါထွန်းနှင့်အဖွဲ့ ညောင်ဦးမြို၊ အမှတ် ၇ ရပ်ကွက်၊ ဝက်ကြီး အင်း ရပ် ကွက်၊ အလိုတော်ပြည့်ဘုရားအနီး၊ အနော်ရထာလမ်းမကြီးဘေး အရောက် ကားတစ်စီးပေါ်မှ ပစ်ခတ်ရာ ရဲတပ်ကြပ် ခင်မောင်မြင့်နှင့် ရဲတပ်သား ရီဝေဦးတို ၂ ဦးသည် ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ပြီး ဒုရဲအုပ် ဝါဝါထွန်းမှာ ထွက် ပြေးလွတ်မြောက်ခဲ့ကြောင်း စစ်ကောင်စီဘက်တော်သားများက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ၂၀၂၀ ခုနှစ်အတွင်း ပုဂံဘုရားများအတွင်း ကင်းလှည့်နေသည့် အကြမ်း ဖက်စစ်တပ် လက်အောက်ခံရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency။

This photo taken on June 23, 2020 shows members of a police squad patrolling pagodas in a temple complex in Bagan, Mandalay Region. – A squad of gun-toting police patrol Myanmar’s sacred site of Bagan under the cover of night, taking on plunderers snatching relics from temples forsaken by tourists due to coronavirus restrictions. (Photo by Ye Aung THU / AFP)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article