ကနီမြို့နယ်၊ ချောင်းမရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ကနီမြို့နယ်၊ ချောင်းမရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ၈၁ မမ ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာလည်း ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရှိရသည်။
“ချောင်းမကျေးရွာကို စစ်ခွေးတွေ စက်တပ် လေထီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးတယ်လို့ သိရတယ်။ နောက်ပြီး ပြည်သူ ၆ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်။ ၂ ဦးက ဒဏ်ရာ အခြေအနေ စိုးရိမ်ရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
