30 C
Yangon

မြ၀တီမှ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုအတွက် သံသယရှိသူ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို တရုတ်သို့ ပြန်ခေါ်မည်ဖြစ်ပြီး ယနေ့ ပထမအသုတ်အဖြစ် တရုတ် ၂၀၀ ဦးကို ပြန်လည်ခေါ်ဆောင်

Must read

မြ၀တီမှ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုအတွက် သံသယရှိသူ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို တရုတ်သို့ ပြန်ခေါ်မည်ဖြစ်ပြီး ယနေ့ ပထမအသုတ်အဖြစ် တရုတ် ၂၀၀ ဦးကို ပြန်လည်ခေါ်ဆောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ကရင်ပြည်နယ်၊ မြ၀တီမှ ကျားဖြန့် အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခြင်း သံသယရှိသူ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို တရုတ်သို့ ပြန်ခေါ်မည်ဖြစ်ပြီး ယနေ့ ပထမအသုတ်အဖြစ် ၂၀၀ ဦးကို ပြန်လည်ခေါ်ယူကြောင်း ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ သတင်းထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံ မြဝတီဒေသမှ ပထမအသုတ် အွန်လိုင်းလိမ်လည်မှုကျူးလွန်ခြင်းသံသယရှိသူ တရုတ်နိုင်ငံသား ၂၀၀ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ပြီး အဆိုပါသံသယရှိသူများကို တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဌာနသည် ထိုင်းနိုင်ငံမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ကြီးကြပ်ခေါ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

လာမည့် မကြာမီကာလအတွင်း တရုတ်နိုင်ငံသို့ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခြင်းသံသယရှိသူ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို ရှေ့ဆင့်နောက်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားစသည့် ဆိုးဝါးသောပြစ်မှုအခြေအနေများကိုဖြေရှင်းရန် တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့ များ တရားဥပဒေဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ်မြှင့်တင်နေပြီး ပူးပေါင်းတိုက်ဖျက်ရေး လုပ်ငန်းများ အင်တိုက်အားတိုက်ဖော်ဆောင်နေကြောင်း ၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ လကုန်ပိုင်းတွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ လုပ်ငန်းအဖွဲ့ကို ထိုင်းနှင့် မြန်မာနိုင်ငံသို့ အသီးသီးစေ လွှတ်ခဲ့ပြီး နှစ်နိုင်ငံရှိ တရားဥပဒေစိုးမိုးရေးဌာနများနှင့် အစည်းအဝေးပေါင်းများစွာ ကျင်းပဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံတရားဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း၊ ရာဇ၀တ်မှု ပူးပေါင်းရှာဖွေတိုက်ဖျက်ရေးယန္တရားထူထောင်ခြင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် လူကုန်ကူးမှုစသည့် နိုင်ငံဖြတ်ကျော်ပြစ်မှုများကို ပူးပေါင်းတိုက်ဖျက်ခြင်းနှင့် စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့သည်။ မကြာသေးမီက တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်းပြီး မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုပြစ်မှုများကို စုစည်းတိုက်ဖျက်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံသက်ဆိုင်ရာဌာနမှ အဆိုပါဒေသရှိ အွန်လိုင်းလိမ်လည်မှုဇုန်ကို စုစည်းရှာဖွေစစ်ဆေးခဲ့ပြီး အွန်လိုင်းလိမ်လည်မှုကျူးလွန်ခြင်း သံသယရှိသောသူများအား ဖမ်းဆီးခဲ့ကာ ပိတ်မိနေသော တရုတ်နိုင်ငံသားများကို ကယ်ဆယ်ခဲ့ကြောင်း သိရှိရသည်။

မြဝတီဒေသအတွင်း လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီများ ဖြတ်တောက်ခြင်း၊ ထိုင်း-မြန်မာနယ်စပ်တွင် ကင်းလှည့်ခြင်းနှင့်စီမံခန့်ခွဲထိန်းချုပ်မှုများကို ထိုင်းနိုင်ငံမှ တိုးမြှင့်လုပ်ဆောင်ကာ အွန်လိုင်းလိမ်လည်မှုကျူးလွန်ခြင်းသံသယရှိသူများ တရား မဝင်နယ်စပ် ဖြတ်ကျော်ခြင်း၊ လမ်းကြောင်းလွှဲပြောင်းခြင်းများကို ပြတ်ပြတ်သားသား တားဆီးရန် ထိုင်းအစိုးရက ဆောင် ရွက်လျက်ရှိကြောင်း၊ သုံးနိုင်ငံ၏ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်မှုနှင့် အတူတကွကြိုးပမ်းမှု များကြောင့် တိုက်ဖျက်ရေးလုပ်ငန်းစဥ်သည် သိသာထင်ရှားသော တိုးတက်မှုများရရှိကာ မြဝတီဒေသမှ အွန်လိုင်းလိမ်လည်မှုကျူးလွန်ခြင်းသံသယရှိသူ အမြောက်အများကိုဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article