ကရင်ပြည်နယ်တွင် စစ်ကောင်စီ၏ အောင်ဇေယျာစစ်ကြောင်းက ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ အောင်ဇေယျာစစ်ကြောင်းက ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိကြောင်း တော်လှန်ရေးသတင်းရင်း မြစ်၏ ပြောဆိုချက်နှင့် Justice Solider PDF ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက အောင်ဇေယျာစစ်ကြောင်းက ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်အတွင်းရှိ အာရှ လမ်းမကြီးကို နယ်မြေစိုးမိုးမှုရရှိရန်နှင့် မြ၀တီမြို့နယ်သို့ စစ်အင်အားများ ဖြည့်တင်းရောက်ရှိစေရန် ဆက်တိုက် စစ် ကြောင်းထိုးလျက်ရှိကြောင်း၊ အဆိုပါ အောင်ဇေယျာစစ် ကြောင်းကို ဒေါနတောင်ပေါ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တစ်နေကုန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲများ ယမန်နေ့ မနက်ပိုင်းမှ ညနေပိုင်းအထိ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၈ ရက်နေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြို့သစ်ကုန်းရွာအနီး ဝင်ရောက်လာသော အောင်ဇေယျစစ်ကြောင်းကို ကော့ကရိတ်မြို့နယ်မှ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်အကြာဖြစ်ပွားခဲ့ကြောင်း ၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး ၃ ဦး ထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်သားများ အသုံးပြုသော MA -1 အ မျိုးအစား သေနတ် ၁ ၊ ခဲယမ်း၊ မိုင်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိခဲ့ကြောင်း Justice Solider PDF က ယနေ့ သတင်းထုတ်ပြန်သည်။
ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ပြည်သူ့စစ်မှုထမ်း အပက်စဉ် ၁ သင်တန်းဆင်းတပ်သားများ အများအပြားပါဝင်လာပြီး တော် လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ ကျန်ရှိနေသော စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူ့ဆန္ဒနှင့်မဆန့်ကျင်ဘဲ ပြည်သူနှင့်တစ်သားတည်းရပ်တည်ကြရန် Justice Solider PDF က တိုက်တွန်းထား သည်။
ကော့ကရိတ်တိုက်ပွဲတွင် နယ်မြေခံပူးပေါင်းတပ်ဖွဲ့ ၊ ကျားနဂါး (Southern Eagle) ၊ Justice Soldier PDF တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။


