32 C
Yangon

ဘန်ကောက်မြို့ MBK ကုန်တိုက်အပါအဝင် ထိုင်းနိုင်ငံတစ်ဝန်းတွင် နိုင်ငံခြားသားများကို ပစ်မှတ်ထားဖမ်းဆီးစဉ် တရားမဝင် နေထိုင်သော မြန်မာနိုင်ငံသားများပါ အဖမ်းခံရ

Must read

ဘန်ကောက်မြို့ MBK ကုန်တိုက်အပါအဝင် ထိုင်းနိုင်ငံတစ်ဝန်းတွင် နိုင်ငံခြားသားများကို ပစ်မှတ်ထားဖမ်းဆီးစဉ် တရားမဝင် နေထိုင်သော မြန်မာနိုင်ငံသားများပါ အဖမ်းခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ် MBK ကုန်တိုက်အပါအဝင် ထိုင်းနိုင်ငံတစ်ဝန်းတွင် နိုင်ငံခြားသားများကို ပစ်မှတ်ထားဖမ်း ဆီးစဉ် တရားမဝင် နေထိုင်သော မြန်မာနိုင်ငံသားများပါ အဖမ်းခံရကြောင်း ထိုင်းသတင်းများနှင့် ထိုင်းနိုင်ငံရောက် မြန်မာများထံမှ သိရှိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ဘန်ကောက်မြို့ရှိ MBK စင်တာကို ထိုင်းအာဏာပိုင်များက ပိတ်ဆို့ စစ်ဆေးမှုများ လု်ပဆောင်ရာ စျေးဆိုင်များတွင် အလုပ်လုပ်နေသော အထောက်အထားမဲ့ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရကြောင်း သိရှိရသည်။

“MBK မှာအလုပ်လုပ်တဲ့ မြန်မာတွေ အဖမ်းခံရတယ်။ ဖမ်းနေတဲ့ အချိန်မှာ ပသူနမ်နဲ့ MBK ဘက်ကို မလာဖို့ နီးစပ်ရာ မြန်မာတွေ အချင်းချင်း သတိပေးတဲ့ မက်ဆေ့ချ်ရတယ်။ သူတို့ ဝင်စစ်တာက ဆိုင်တွေကို ဝင်စစ်တာ။ လမ်းသွားလမ်းလာတော့ မသင်္ကာမှပဲ စစ်တယ်ပြောတယ်။ မြန်မာတွေ ၁၀ ဦးကျော်တယ်တဲ့ပါသွားတာ။ ကုန်တိုက်စျေးဆိုင်တွေမှာ အလုပ်လုပ်တာ” ဟု ဘန်ကောက်မြို့တွင် ၄ နှစ်ကြာ နေထိုင်သော မြန်မာတစ်ဦးကရှင်းပြသည်။

အလားတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်း ထိုင်းနိုင်ငံ ပထုမ်ဌာနီခရိုင် ခေါင်လွမ်မြို့ ၊ ထေ့ကွန်ချွန်ဆွယ် ၁၅လမ်းရှိ တန်း လျားအဆောင်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး TM 30 မတိုင်ကြားသော မြန်မာများ၊ ရက်လွန်သေနေထိုင်သူများနှင့် အထောက်အထားမဲ့ မြန်မာများ ဖမ်းဆီးခံရကြောင်း သိရှိရသည်။

ထိုင်းအစိုးရက ကျားဖြန့် နှိမ်နင်းရေး များ အရှိန်တက်လာချိန် ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်မြို့များတွင် မြန်မာများ အပါ အဝင် နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများကို ဦးတည်သော စစ်ဆေး ဖမ်းဆီးမှုများ အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်လာကြောင်း ထိုင်းရောက် မြန်မာများက ဆိုကြသည်။

“အရေးမကြီးရင် ဒီရက်ပိုင်းတွေ အပြင် သိပ်မထွက်သင့်ဘူး။ ချင်းမိုင်လို အစစ်အဆေး နည်းတဲ့နေရာတောင် အစစ်အဆေးတွေ တအားကြမ်းနေတယ်။ အခုက တရားဝင် အထောက်အထား စာရွက်စာတမ်းရှိရင်လည်း ဘတ်မှာပါတဲ့ လိပ်စာမတူတာ၊ TM 30 လိပ်စာ မတူတာ ၊ ED ဗီဇာတွေ ရစ်တာတွေ အရမ်းဖြစ်နေတယ်။ တရားဝင်ဆိုရင်တောင်မှ သူတို့ မကြည်ဖြူရင် ပြန်ပို့ခံရနိုင်တယ်။ ကိုယ့်နိုင်ငံမှာ အခြေအနေမကောင်းလို့ စစ်မှုထမ်း ရှောင်ချင်လို့ ထိုင်းရောက်လာရင် သိုသိုသိပ်သိပ်နေထိုင်တာ ပိုပြီး ကောင်းမယ်” ဟု ထိုင်းရောက် မြန်မာများကို ထိုင်းဘာသာစကား သင်ကြားပေးနေသူ ချင်းမိုင်မှ ဆရာမတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article