ဖယ်ခုံမြို့နယ်အတွင်း ပြည်သူများ ပြုလုပ်တည်ဆောက်ထားသော ကတုတ်ကျင်း၊ ဘန်ကာများကို ဖယ်ခုံ ပလဖ စစ်ဆေး၊ လိုအပ်ချက် ရှိသည်များကို ပြင်ဆင်ပြုလုပ်ရန် တိုက်တွန်းပြောကြား
ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့သည် ဖယ်ခုံမြို့နယ်အတွင်း လူထု တောင်းဆိုမှု ရှိသော ကျေးရွာများသို့ ကွင်းဆင်း၍ ပြည်သူများ ပြုလုပ်တည်ဆောက်ထားသော ကတုတ်ကျင်း၊ ဘန်ကာများကို စစ်ဆေးအကြံပေးလျက်ရှိကာ လိုအပ်ချက် ရှိသည်များကို ပြင်ဆင်ပြုလုပ်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီသည် လက်နက်ကြီး၊ လေယာဉ်များဖြင့် အစဉ်အမြဲ နှောင့်ယှက် အန္တရာယ်ပေးလျက်ရှိ၍ ပြည်သူများ မပေါ့ဆကြရန်နှင့် ကတုတ်ကျင်း၊ ဗုံးခိုကျင်း၊ ဘန်ကာများကို စနစ်တကျ တည်ဆောက်ကြရန် လိုအပ်ပြီး ပြည်သူများ၏ ဆောက်လုပ်နေမှုကို ခိုင်ခန့်မှုသော်လည်းကောင်း၊ ယုံကြည်စိတ်ချမှုပိုင်း သော်လည်းကောင်း စစ်ဆေးပေးရန်လိုအပ်လျှင် တောင်းဆို အကြံဉာဏ်တောင်းခံနိုင်ကြောင်း ဖယ်ခုံမြို့နယ် ပလဖက ထုတ်ပြန်ထားသည်။


