27 C
Yangon

ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်နေသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု ၂ ဦး သေဆုံး

Must read

ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်နေသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု ၂ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ အမှတ် ၃ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ ၂ ဦး သေဆုံးခဲ့ကြောင်း Chauk Guerrilla Force မှ တာဝန်ခံ ကိုပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သား အင်အား ၁၀ ဦးခန့်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး ထက်မနည်းသေဆုံးပြီး ၃ ဦးထက်မနည်း အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိကြောင်း သိရသည်။

“သူတိုမှာ ကားတစ်စီးလဲပါတယ်။ လမ်းလုံခြုံရေးသဘောမျိုးပုံစံပါ။ ဒီနေ့ ပေါ်တာ ဆွဲတာမျိုး ကျနော်တို့ တွေ့မြင်ခဲ့ရတာတော့ မရှိဘူး။ အရင်ရက်တွေက သူတို့ ပေါ်တာဆွဲတာတွေရှိတယ်။ ကားနဲ့က ကျနော်တို့ မိုင်းဆွဲတဲ့နေရာက ဝေးပါတယ်။ ခြေထောက်တွေ ပြတ်သွားတာတော့ တွေ့ခဲ့ရတယ်။ သုံးလေး ယောက်လောက်ရှိတယ်။ စစ်ခွေး ထပ်တိုးသေတာ မရှိပါဘူး။ နှစ်ဦးထက်မနည်းသေဆုံးနိုင်တယ်။ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာ” ဟု Chauk Guerrilla Force မှ တာဝန်ခံ ကိုပိုင်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force ( C.G.F) နှင့် ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ချောက်ပကဖ ) ၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ တို့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article