27 C
Yangon

ရေစကြို၊ ရေလယ်ကျွန်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ကျော်ပါ စစ် တပ်ကို ပိတ်ဆို့တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၉ ဦးထက်မနည်း သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိ၊ လက်နက်နှင့်ခဲယမ်းများ ရရှိ

Must read

ရေစကြို၊ ရေလယ်ကျွန်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ကျော်ပါ စစ် တပ်ကို ပိတ်ဆို့တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၉ ဦးထက်မနည်း သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိ၊ လက်နက်နှင့်ခဲယမ်းများ ရရှိ

ရန်ကုန်၊ မတ် ၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း၊ ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်လာ သော စစ်တပ်စစ်ကြောင်းကို တော် လှန်ရေးတပ်များက ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၉ ဦး သေဆုံးပြီး ၉ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း၊ ရေ လယ် ကျွန်းဒေသသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက် စစ်ကြောင်းကို Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များမှ ကြားဖြတ်တိုက်ခိုက်ချေမှုန်း ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်း ထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကောင်စီတပ်သား အလောင်း ၁ လောင်းအပါအဝင် ၉ လောင်း၊ ၆၀ မမ လက်နက်ကြီး ၁ လက်၊ RPG- 7 ၁ လက် အပါအဝင် လက်နက်ငယ် အချို့နှင့် အ ခြား ခဲယမ်းဆက်စပ်ပစ္စည်းအချို့အား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်သား ၉ ဦး အရှင်ဖမ်းမိ ခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီ တပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲကတော်တော်ဆော်လိုက်ရတယ်။ ကိုယ့်ဘက်က အသာစီးရတာ။ ကျနော်တို့ ကျားမဲက ရဲ ဘော် ၂ ယောက် ဒဏ်ရာရထားတယ်၊ တခြားမဟာမိတ်အဖွဲ့တွေမှာလည်း ဒဏ်ရာရတာရှိတယ်၊ လက်နက်ခဲယမ်းရရှိမှုနဲ့ စစ်သုံ့ပန်းတွေဖမ်းဆီးရရှိမှုက ကျနော်တို့ တာဝန်ယူထားတဲ့ ပွိုင့်ကဖြစ် ပါတယ်၊ တခြားမဟာမိတ်ပွိုင့်တွေမှာ စကစတွေ ထိခိုက်သေဆုံးမှုက ရှိသေးတယ်။ ဆေးရုံပေါ်မှာ လည်း သေဆုံးဒဏ်ရာရတာတွေတော်တော်များတယ်လို့ သိရတယ်။ ဘယ် နှစ်ဦးသေတယ်၊ ဘယ် နှစ်ဦးဆေးကုနေတယ်တော့ အတိအကျမသိရသေးဘူး။ စခတွေ ထဲမှာရှိတဲ့ တပ်ကြပ်ကြီးက ဦး ဆောင်ပြီးတော့ နာရေးကိစ္စတွေ၊ မုန့် ဟင်းခါးတိုက်ကျွေးမယ့်ကိစ္စတွေလုပ်နေတာလို့ သိရတယ်။ အခုထုတ်ပြန်တာက မျက်မြင်တွေပဲ ထုတ်ပြန်ထားတာပါ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်မြေပြင်တွင် ယှဉ်ပြိုင်နိုင်စွမ်းမရှိသော အကြမ်းဖက်စစ်ကောင်စီတပ်က Jet-Fighter ဖြင့် တစ်ကြိမ်၊ Mi-35 ဖြင့် ပစ်ကူပေးတိုက်ခိုက်ကာ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ယင်းတိုက်ပွဲအတွင်း MBTတပ်ဖွဲ့မှ ရဲ ဘော် ၂ ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့အပါအဝင် မြောင်တပ်ပေါင်းစု ၊ Royal Brother Defense Force (RBDF) ၊ သွေးသောက်တပ်ဖွဲ၊ရေစကြိုမြို့နယ် (ပလဖ) ၊ MSPDF နှင့် အ ခြား ညီနောင်မဟာမိတ်များစွာ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စည်းလုံးညီညွတ်မှုရှိရှိဖြင့် ပူး ပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြသော မဟာမိတ်များ၏ ဇွဲ၊လုံလနှင့် သတ္တိအား အထူးပင် လေးစားဂုဏ် ပြုပါကြောင်း MBT တပ်ဖွဲ့က အသိပေးထားသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က ရေစကြိုမြို့၊ ငြိမ်းဇာနည်စခန်းအရှေ့ဘက် သောင်ခုံပေါ်တွင် အင်အားအများအပြားဖြည့်တင်းထားပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article