မြင်းခြံမြို့နယ်၊ ဓူဝံရွာကို မီးရှို့နေသည့် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဓူဝံရွာကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ဓူဝံရွာကို အင်အား ၅၀ ခန့် ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးနေစဉ် ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲ ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားများ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
” ၂၈ ရက်နေ့က ဓူဝံကျွေးရွာကို အင်အား ၅၀ ခန့်နဲ့ စစ်ခွေးတပ်တွေက ရွာကို မီးရှို့ဖျက်ဆီးနေတုန်း တော်လှန်ရေး တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၂ ကောင်သေပြီး နောက်ပြန်ဆုတ်သွားတယ်” ဟု ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့၊ ပြည်ချစ်သား တပ်ဖွဲ့၊ အညာဖက်ဒရယ် တပ်ဖွဲ့ နှင့် မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
