29 C
Yangon

“ပုဂ္ဂလိက တက္ကသိုလ်” ဟူသော အသုံးအနှုန်းကို သုံးစွဲခြင်းမပြုရန် စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး “ပုဂ္ဂလိက ကောလိပ်” ဟုသာ သုံးစွဲရမည်ဟု အမိန့်ထုတ်၊ CDM ဆရာ၊ ဆရာမများကို အလုပ်မခန့်ရဟု အမိန့်ထုတ်

Must read

“ပုဂ္ဂလိက တက္ကသိုလ်” ဟူသော အသုံးအနှုန်းကို သုံးစွဲခြင်းမပြုရန် စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး “ပုဂ္ဂလိက ကောလိပ်” ဟုသာ သုံးစွဲရမည်ဟု အမိန့်ထုတ်၊ CDM ဆရာ၊ ဆရာမများကို အလုပ်မခန့်ရဟု အမိန့်ထုတ်

ရန်ကုန်၊ မတ် ၄

မြန်မာနိုင်ငံတွင် “ပုဂ္ဂလိက တက္ကသိုလ်” ဟူသော အသုံးအနှုန်းကို သုံးစွဲခြင်း မပြုရန် စစ်ကောင်စီက ပိတ်ပင်လိုက် ပြီး “ပုဂ္ဂလိက ကောလိပ်” ဟုသာ သုံးစွဲရမည်ဟု အမိန့်ထုတ်ကာ CDM ဆရာ၊ဆရာမများကို အလုပ်မခန့်ရန် အမိန့်ပေး ခြိမ်းခြောက်လာကြောင်း ပုဂ္ဂလိကပညာရေးအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိက တက္ကသိုလ်ဟု အမည်တပ်ထား သော ကျောင်းများကို “တက္ကသိုလ် (University) ဆိုသော အသုံးအနှုန်းကို အသုံးပြုခွင့်မရှိကြောင်း၊ ပုဂ္ဂလိက ကျောင်းများအနေဖြင့် အဆင့်မြင့်ဆုံး ကောလိပ်ဟုသာ သုံးစွဲရမည်ဟု အမိန့်ထုတ်ပြန်လာကြောင်း သိရှိရသည်။

” လွန်ခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ပုဂ္ဂကလိက တက္ကသိုလ်တွေအနေနဲ့ တက္ကသိုလ် ( University) ဆိုတဲ့ အသုံးအနှုန်းကို အသုံးပြုခွင့်မရှိဘူး။ တက္ကသိုလ်ဆိုတဲ့စကားရပ်ကို နိုင်ငံတော်ကလွဲလို့ ပုဂ္ဂလိကတွေမှာ သုံးစွဲခွင့်မပြုတော့ဘူး။ အဲဒါကြောင့် တက္ကသိုလ်အစား ကောလိပ် ( College) လို့ပဲ သုံးနှုန်းရမယ်လို့ ညွှန်ကြားပါတယ်။

အဲဒါကြောင့် ကျောင်းတွေအားလုံးက ဆိုင်းဘုတ်တွေ၊ ကြော်ငြာတွေအားလုံးမှာ တက္ကသိုလ်အစား ကောလိပ်ဆိုတာကို ပြောင်းလဲသုံးစွဲရပါတယ်” ဟု ပုဂ္ဂလိကပညာရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

ထို့ပြင် ပုဂ္ဂလိက ကောလိပ်များနှင့် ကျောင်းများတွင် CDM လုပ်ထားသော ကျောင်းဆရာ၊ ဆရာမများ၊ တက္က သိုလ် ဆရာ၊ ဆရာမများကိုလုံး၀ အလုပ်ခန့်ထားခြင်းမပြုရန် ၊ CDM ဆရာ၊ ဆရာမများကို အလုပ်ခန့်ထားကြောင်း စစ်ဆေးတွေ့ရှိရပါက ပုဂ္ဂလိက ကျောင်းနှင့်ကောလိပ်များကို ပိတ်သိမ်းမည်ဖြစ်သည်ဆိုသော အမိန့် တစ်ရပ်ကို ထုတ်ပြန်လာကြောင်း သိရှိရသည်။

စစ်ကောင်စီက ပုဂ္ဂလိက ကျောင်းနှင့်ကောလိပ်များကို စစ်ဆေးရေးအဖွဲ့များဖြင့် ရှောင်တခင် မကြာခဏ စစ် ဆေးမှုများ လုပ် ဆောင်နေကြောင်း၊ CDM ဆရာ၊ ဆရာမများကိုလည်း ပညာရေးလုပ်ငန်း အသိုင်းအ၀ိုင်း အ တွင်း လုံး၀ ဝင်ရောက်မှုမရှိစေရေး သတင်းပေးပို့ ကြရန်ပါ ပုဂ္ဂလိကပညာရေးလောကသားများကို အမြဲမပြတ် တိုက်တွန်းနှိုးဆော်နေကြောင်း သိရှိရသည်။

“ပုဂ္ဂလိက ကျောင်းတွေကို စစ်ဆေးရေးအဖွဲ့တွေက မကြာခဏ ဝင်စစ်နေတယ်။ အဲဒီစစ်ဆေးရေးအဖွဲ့မှာ Non-CDM ပါမောက္ခ ချုပ်တွေ ဦးဆောင်ပြီး ရှောင်တခင်စစ်ဆေးတာတွေ လုပ်နေတယ်။ သူတို့က ဘယ်သူတွေ CDM ဆရာ၊ဆရာမတွေဆိုတာ တန်းသိတော့ သူတို့ကို စစ်ဆေးရေးအဖွဲ့တွေကို ဦးဆောင်ခိုင်းနေတာ” ဟု CDM ဆရာမတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article