Khit Thit သတင်းဌာန၏ မတ် ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရန်ကုန်တိုင်းအတွင်းကမြို့နယ်တွေမှာ ပြည်ပရောက်ရှိနေတဲ့ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ပြန်လည်ခေါ်ယူထားရန် မိဘတွေကို စစ်ကောင်စီက ဆင့်ခေါ် ဖိအားပေးနေတယ်လို့ သာကေတမြို့နယ်၊ မရမ်းကုန်းမြို့နယ်နဲ့ အင်းစိန်မြို့နယ်မှ မိဘပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူနဲ့ အပေါင်းအပါတွေကို ဖမ်း၀ရမ်းထုတ်ဖို့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ရဲ့ အတည်ပြုဆုံးဖြတ်ချက်ကို ရှေ့နေချုပ်ရုံးကို တင်ပြလိုက်ပြီလို့ ထိုင်းသတင်းဌာန Khaosod English က သတင်းဖော်ပြထားပါတယ်။
-မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ က အရာရှိ KTVမှာ သောက်စားမူးယစ်နေချိန်မှာ အတင်းအဓမ္မ စစ်မှုထမ် စုဆောင်းခံရသူ လူငယ် ၂ ဦးဟာ လက်ပစ်ဗုံးနဲ့ ခဲယမ်းတွေ ယူဆောင်လာပြီး အလင်းဝင်ရောက် လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
