26 C
Yangon

ပြည်ပရောက် မြန်မာများ စစ်မှုထမ်းရန် ပြန်မလာနိုင်သေးပါက ဆွေမျိုး မိသားစုဝင် လူငယ် တစ်ဦးဦးက အစား ထိုး စစ်မှု ထမ်းနိုင်ရေး ပြင်ဆင်ထားရန် လိုအပ်ဟုဆို

Must read

ပြည်ပရောက် မြန်မာများ စစ်မှုထမ်းရန် ပြန်မလာနိုင်သေးပါက ဆွေမျိုး မိသားစုဝင် လူငယ် တစ်ဦးဦးက အစား ထိုး စစ်မှု ထမ်းနိုင်ရေး ပြင်ဆင်ထားရန် လိုအပ်ဟုဆို

ရန်ကုန်၊ မတ် ၇

ပြည်ပရောက် မြန်မာလူငယ်များအနေဖြင့် စစ်မှုထမ်းရန် ပြန်မလာနိုင်သေးပါက မြန်မာနိုင်ငံရှိ မိဘဆွေမျိုးက မိသား စုဝင် လူငယ် တစ်ဦးဦးက စစ်မှုထမ်းနိုင်ရေး ပြင်ဆင်ထားရန် လိုအပ်သည်ဟု ရန်ကုန်တိုင်း၊ လသာမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ပြောဆိုလာကြောင်း လသာမြို့နယ်မှ ပြည်သူတချို့က ပြောဆိုသည်။

ယခု မတ်လဆန်းပိုင်းတွင် လသာမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က စစ်မှုထမ်းရန် အကျုံးဝင်နေသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွှင်း လူငယ်များကို စစ်မှုထမ်း စာရင်းသွင်း မှတ်ပုံတင်ရန် ဆင့်ခေါ်ခဲ့ကြောင်း၊ ပြည်ပရောက် လူငယ်များကိုလည်း စစ်မှုထမ်းစာရင်းသွင်း မှတ်ပုံတင်ခိုင်းခဲ့ပြီး အလှည့်ကျလျှင် စစ်မှုထမ်းပါမည်ဆိုသော စာရင်းသွင်းမှုကို လူငယ်များကိုယ်စား မိဘဆွေမျိုးများက လက်မှတ်ရေးထိုးခဲ့ရကြောင်း သိရှိရသည်။

“သူတို့ပြောတာက အခု လူမရှိသေးရင်လည်း မိဘဆွေမျိုးက ကိုယ်စားမှတ်ပုံတင် လက်မှတ်ထိုးရမယ်ပြောတယ်။ ပြန်ခေါ်လို့ရရင် ပြန်ခေါ်။ မရရင်လည်း ပြည်ပရောက်နေတဲ့ လူငယ်က စစ်မှုထမ်းဖို့ အလှည့်ကျလာတဲ့အခါမှာ အစားထိုး စစ်မှုထမ်းပေးမယ့် ဆွေမျိုးမကင်း လူငယ်တစ်ဦးဦး အသင့်ပြင်ထားလို့ ပြောပါတယ်။ သူတို့လည်း အဆင်ပြေအောင်ပဲ လုပ်ချင်တယ်။ ပြဿနာတွေ မဖြစ်ချင်ဘူး။ အဲဒါကြောင့် အိမ်က တစ်ဦးဦးက အစားထိုး စစ်မှုထမ်းချင်ရင်ထမ်း၊ အိမ်မှာ ယောင်္ကျားသားမရှိရင် ဆွေမျိုးမကင်းထဲက တစ်ဦးဦးကို ရှာထားဖို့ ပြောတယ်” ဟု လသာမြို့နယ်မှ ပြည်သူတစ်ဦးက ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ စစ်မှုထမ်းရန် အသက် အကျုံးဝင်နေသော ပြည်ပရောက် မြန်မာလူငယ်များအနေဖြင့် သင့်တော်သော အချိန်တစ်ခုတွင် မြန်မာနိုင်ငံသို့ ပြန်လာရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းလျှင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရမည်မဟုတ်ဘဲ ပြည်ပတွင် တရားမဝင် ဘ၀ ရောက်ရှိနိုင်သည်ဟု လသာမြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ပြောဆိုလာကြောင်း သိရှိရသည်။

စစ်ကောင်စီက ယခုလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် နိုင်ငံတစ်ဝန်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများလည်း တောက်လျှောက် လုပ်ဆောင်နေကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- စစ်မှုထမ်းရန် စုဆောင်းခံထားရသည့် လူငယ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article