35 C
Yangon

ပေါင်းတည်မြို့နယ် မှတ္တိုင်နယ်မြေ ရဲစခန်းမှ လိုင်းကြေးတောင်းပြန်လာသော ရဲတပ်ကြပ်သိန်းလွင်ကို စောင့်ကြိုတိုက်ခိုက်မှု ထွက်ပြေးလွတ်မြောက်သွား၊ဆိုင်ကယ်၊ လက်ပစ်ဗုံးနှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ပေါင်းတည်မြို့နယ် မှတ္တိုင်နယ်မြေ ရဲစခန်းမှ လိုင်းကြေးတောင်းပြန်လာသော ရဲတပ်ကြပ်သိန်းလွင်ကို စောင့်ကြိုတိုက်ခိုက်မှု ထွက်ပြေးလွတ်မြောက်သွား၊ဆိုင်ကယ်၊ လက်ပစ်ဗုံးနှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၉

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် မှတ္တိုင်နယ်မြေ ရဲစခန်းမှ လိုင်းကြေးတောင်းပြန်လာသော ရဲတပ်ကြပ်သိန်းလွင်ကို စောင့်ကြိုတိုက်ခိုက်ရာ အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ၎င်း၏ဆိုင်ကယ်၊ လက်ပစ်ဗုံးနှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ တပ်ရင်း၏ စစ်ထောက် လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadowက ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ် သဲမဲရွာနှင့်ကုန်းသာရွာအကြား နယ်ထိန်းရဲတပ်ကြပ်သိန်းလွင်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၅ မှရဲဘော်များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ နယ်ထိန်းတပ်ကြပ်သိန်းလွင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များကို အဝေးမှ ကြိုမြင်ပြီး ဆိုင်ကယ်ရပ်ထားပြီး ထွက်ပြေးသွားခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ရဲတပ်ကြပ် သိန်းလွင်မှာ ဆည်ဘောင်အတွင်းခုန်ဆင်းခါအသက်မသေဘဲထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။

ရဲတပ်ကြပ် သိန်းလွင်ထံမှ ၎င်း၏ ဆိုင်ကယ် ၁ စီး၊လက်ပစ်ဗုံး ၃ လုံး၊ကျည်မျိုးစုံ ၆ တောင့်၊လက်ထိပ် ၁ စုံ၊ငွေသား ၁၃၀၀၀၀ ကျပ်၊ဆိုင်ကယ်လိုင်စင်စာအုပ်၊ရဲဝန်ထမ်းကတ်၊ဆိုင်ကယ်မောင်းလိုင်စင်နှင့်အတူစာရွက်စာတန်းအချို့ကိုသိမ်းဆည်းရယူနိုင်ခဲ့ကြောင်း သိရှိရသည်။

နယ်ထိန်းရဲတပ်ကြပ်သိန်းလွင်သည် မှတ္တိုင်နယ်မြေရဲစခန်းပိုင်အတွင်းရှိကျေးရွာအုပ်စုနေပြည်သူများထံမှ အဓမ္မစစ်သားစုဆောင်းခြင်း၊ငွေကြေးချမ်းသာသူများကိုဖမ်းဆီးချုပ်နှောင်ပြီးငွေညှစ်ခြင်း၊ ၎င်း၏ ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးမှုများကြောင့် သေဆုံးသူများရှိသည့်အပြင် ထောင်ကျသူများလည်းရှိကြောင်း သိရှိရသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများ၊ ရဲများ၊ ပျူစောထီးများအနေဖြင့်အကြမ်းဖက်မှုများကို ရပ်တန့် ပြီး ပြည်သူနှင့်အမြန်ဆုံးပူးပေါင်းကာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ရောက်ကြရန်

၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံရဲဘော်Shadowက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article