32 C
Yangon

ထန်းတပင်နှင့် ကျောက်ကြီး အစပ်ရှိ ကျေးရွာများကို စစ်တပ်က လေယောဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်မှု ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ထန်းတပင်နှင့် ကျောက်ကြီး အစပ်ရှိ ကျေးရွာများကို စစ်တပ်က လေယောဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်မှု ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ မတ် ၉

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယောဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းထိ အကြမ်းဖက် စစ်တပ်က ထန်းတပင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ် အစပ်ရှိ ကျောက်ကြီးပေါက်ရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများကို လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိကြောင်း၊ ကျေးရွာနေပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မနေ့က နံနက်တည်းက လေယာဉ်က လာပြီး တောက်လျှောက်ကျဲနေတာ ညနေပိုင်းအထိပဲ ကျနော်တို့ သိရတာတော့ ကျောက်ကြီးပေါက်ရွာနဲ့ အနီးအနားကရွာတွေကို ကျဲချ တိုက်ခိုက်တာလို့ သိရတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာထွက်ပြေးနေရတော့ ရွာထဲက အခြေအနေ အသေးစိတ်ကို မသိရသေးဘူး။ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးတယ်လို့တော့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောက်ကြီးပေါက်ရွာမှ အသက် ၆၃ နှစ်အရွယ် ဒေါ်ထွေး နှင့် မကျည်းတောရွာမှ အသက် ၅၅ နှစ်အရွယ် ဦးအောင်မြင့်အေး ၊ အသက် ၅၃ နှစ်အရွယ် ဒေါ်ခိုင်ဦး တို့ သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article