26 C
Yangon

မင်းလှတွင် စစ်မှုထမ်းရန် လူငယ်များကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းနေသည့် ရာအိမ်မှူး သက်နိုင်စိုး ပစ်ခတ်ခံရပြီး သေဆုံး

Must read

မင်းလှတွင် စစ်မှုထမ်းရန် လူငယ်များကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းနေသည့် ရာအိမ်မှူး သက်နိုင်စိုး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၉

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်မှုထမ်းကြေး ပေးဆောင်နိုင်ခြင်းမရှိသော ပြည်သူများနှင့်လူငယ်များကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းနေသည့် ရာအိမ်မှူး သက်နိုင်စိုးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ နတ်ထမင်းရွာ ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုးကို ၎င်းနေအိမ်အတွင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ ၊ တပ်ခွဲ ၂ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း၍ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဦးခေါင်းကို သေနတ်ဖြင့် ၃ ချက် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုးသည် စစ်မှုထမ်းကြေးဟုဆိုကာ ဆင်းရဲနွမ်းပါးသော ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံပြီး ကောက်ခံငွေ မပေးသူများအား အကြမ်းဖက် စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းခြင်း၊ အကြမ်းဖက် စစ်တပ်ထံ မမှန်သတင်းပေးကာ ပြည်သူများကို ဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များကို ဂရုမစိုက်ဟုဆိုကာ စိန်ခေါ်နေသည့်အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့က နံနက် ၁၂ နာရီမှာ ရာအိမ်မှူး အငယ်လေးကို သူ့အိမ်ထဲဝင်ပြီး သေနတ်နဲ့ ၃ ချက်ခေါင်းတည့်တည့်ပစ်ခတ် ရှင်းလိုက်ပါတယ်။ ဒီကောင်က ပြည်သူတွေကို စစ်မှုထမ်းကြေးကောက်တာမပေးလို့ဆိုပြီး စစ်ခွေးခေါ် ပေါ်တာဆွဲတယ်။ ဒီလိုပေါ်တာဆွဲလို့ ရွာကလူတွေလည်းပြေးရလွှားရနဲ့ အလုပ်မလုပ်ရတော့ ထမင်းတောင်ငတ်တဲ့အထိဖြစ်နေကြတယ်။ သူခုလိုလုပ်နေတာကို PDF ဆီတိုင်တယ်လို့ သတင်းကြားလို့ ဘယ်သူ့မှဂရုမစိုက်ဘူး ကြိုက်တဲ့ PDF လာခဲ့ဆိုပြီး စိန်ခေါ်နေတာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ က ပြောဆိုသည်။

ဆက်လက်၍ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်တပ် နှင့် စစ်တပ် ဒေါက်တိုင်များကိုအရှိန်မြှင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၃ က သတိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article