“ကျနော်တို့အပတ်စဉ်က သူတွေဟာ နိုင်ငံရေးကိစ္စတွေနဲ့ ဘာမှမဆိုင်ဘဲနဲ့ ဖိနှိပ်နေတာ ဆေးပညာဘွဲ့လည်းမပေးဘူး ၊ဆမလည်း မပေးဘူး၊နိုင်ငံခြားထွက်ခွင့်လည်း မပေးဘူး ရည်ရွယ်ချက်ရှိရှိလုပ်နေတာ”
ဒေါက်တာ ဝမ်း (၂၀၂၀ခုနှစ်၊ဒီဇင်ဘာလ ကျောင်းပြီးခဲ့သည့် ဆရာဝန် )
By ရန်ကုန်ခေတ်သစ်
မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးတက္ကသိုလ်တွေမှာ ၂၀၂၀ ခုနှစ်ဒီဇင်ဘာကာလ ပညာသင်ယူမှု ပြီးဆုံးခဲ့တဲ့ ဆရာဝန်တွေကို စစ်ကောင်စီက သူတို့လက် အောက်မှာ အမှုမထမ်းလို့ဆိုပြီး ဆရာဝန်ဘွဲ့မပေးဘဲ အမည် ပျက်စာရင်းသွင်းလိုက်ပါတယ်။
ဆရာဝန် ၁၀၂၂ ဦးကို ပြည်ပထွက်ခွင့်ပိတ်ပင်မှုတွေကို မင်းအောင်လှိုင်အမိန့်နဲ့ ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းက လုပ်ဆောင်နေပါတယ်။အဲဒီလိုလုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ ၂၀၂၀ ခုနှစ်မှာ ကျောင်းပြီးသွားပေမယ့် ဆေးပညာဘွဲ့မရဘဲ အမည်ပျက်စာရင်းအသွင်းခံထားရတဲ့ ဆရာဝန် ၂ ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းတင်ဆက်ထားပါတယ်။
