28 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ ဒရုန်း ၇ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်က အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင် ရုရှားမှာ ရှိနေစဉ် ရုရှားကုန်တင်လေယာဉ်တစ်စင်းက နေပြည်တော်ကို လာရောက်ပြီး စစ်ဘက်ဆိုင်ရာပစ္စည်းတွေ လာရောက်ပို့ဆောင်သွားခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article